ဒီအရိပ်နဲ့ငါ
ဒီစိတ်နဲ့ငါ
ဒီလိုင်းပေါ်မှာပဲငါ
ဒီလိုလေးပဲညတိုင်းငါ
ငါတစ်ယောက်တည်းပါပဲ
ဒီနေရာ ဒီညတွေတိုင်းမှာ
နင်သာငါနံဘေး
ရှိနေခဲ့လျှင်ပေါ့
ဒိလိုအတွေး
ဒီလိုအတွေးလေးနဲ့ပါပဲ
ချစ်သူရေ
ဒီအတိုင်းလေးပဲ
လွမ်းနေတရ်ဆိုပေမယ့်
ငါလွမ်းနေတာ
နင် သိနေမလား
တစ်ကယ်လို့သိခဲ့ပါငြား
ငါအနားနင်ပြန်လာလေမလား
ဒါပေမယ့်လေ
နင်ပြန်မလာတော့ဘူး
နင်မရှိတော့ဘူး
ငါသိနေလျှက်နဲ့
ချစ်သူ
ငါအမြန်ဆုံးပါပဲ
နင်ရှိရာသို့
ငါကိုဒီအလွမ်း၊
ဒီအချစ်တွေနဲ့
တစ်ယောက်တည်း
ဆက်လက်ရှင်သန်ခွင့်
မပြုပါနဲ့လို့
(အချစ်ဆုံးသူငယ်ချင်းလေးတစ်ယောက်အတွက်
သူအချစ်ကိုခံစားရေးဖွဲ့ပေးပါသီ
မင်းအချစ်၊မင်းအလွမ်းတွေ ၊သူသာသိလျှင်
မထားခဲ့လောက်ပါဘူးသူငယ်ချင်းရေ)
(နတ်ဆိုးလေး)
(မထားခဲပါနဲ့)
Sunday, March 6, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 10:42 AM
0 comments:
Post a Comment