စိတ်ရဲ့ ခံစားချက်
အဝေးရောက်လွမ်းဆွတ်မှု
နှလုံးသားကတောင့်တသံ
သုံးခုပေါင်းတော့
ဒီအချိန်မှာ အညစ်ဆုံးနဲ့
ငါစိတ်တွေ .......
ချောင်ပိတ်မိနေတာတော့
အမှန်အကန်ပဲ ...........
ပြောပြစရာ လူရယ်မရှိ
ဖြေသိမ့်မယ်သူ ဝေးလာဝေးပဲ
နောက်ဆုံး အနီးနားရှိသူတွေလဲ
အဝေးဆုံးကလူတွေလိုပါပဲ
တစ်စစနဲ့ငါဒီနေရာမှာပဲ
လုံးပါးပါးနေခဲ့ပြီ
လူတိုင်းကိုနားလည်မှုနဲ့
ခွင့်လွတ်မှုတွေ ပေါင်းစပ်ပြီး
ငါနေပေးခဲ့ပေမဲ့
ငါရလိုက်တာဘာတွေလဲ
င်ါသိက္ခာ ငါယုံကြည်မှု ငါလေးစားထားတာတွေ
တစ်စစီရိုက်ချိုးခံလိုက်ရတာပဲ
ဒါပေမယ့် တစ်ချိန်ချိန်များပေါ့နော်
ငါဘ၀ကို တစ်နေရာရာမှာ တစ်ခုခု လုပ်ခဲ့ သူတွေ
နောင်တစ်ချိန်မှာ ပြန်မတွေ့ပါစေနဲ့လို့
တစ်ကယ်လို့ တွေ့ခဲ့လျှင် ..........
အဲဒီလူတွေ ပြောခဲ့တဲ့
ဟိုးအရင်ကနတ်ဆိုးလေးက
နားလည်မှုနဲ့ ခွင်လွတ်မှုတွေနေရာမှာ
အတ္တနဲ့အမုန်းတွေ အပြည့်နဲ့
အစားထိုးပြီးပြီ ဆိုတာ ယုံထားလိုက်........
(နတ်ဆိုးလေး)(မနက် 1း05 (9/06/11)
ပေါက်ကွဲသံစဉ် (၁)
Thursday, June 9, 2011
အကြောင်းအရာ:
ခံစားချက်
အချိန်က : 5:53 AM
0 comments:
Post a Comment