skip to main |
skip to sidebar
ရေးသားသူ:
နတ်ဆိုးလေး
အကြောင်းအရာ:
ခံစားချက်
အတွေးထဲမှာတော့ အဲဒီဘ၀ဆိုတာက အလွရ်လေးရယ်
ဒါပေမယ့် အဲဒီ ဘ၀ ဆိုတဲ့ အထဲက
တစ်ခုခုကို လိုချင်လာတာမျိုး ၊
ဒါမှ မဟုတ် တစ်ခုခုကို အမြဲလိုလို ပိုင်ဆိုင်ချင်လာပြီဆိုရင်တော့
ကျွန်တော်တို့ တွေးထားတဲ့ လွရ်လွရ်လေးဆိုတဲ့ ဘ၀ကြီးမှာ
ခက်ခဲတာတွေ ကြမ်းတမ်းတာတွေ ပါလာပြီ။
အဲဒီထက်ဆိုးတာက တစ်ခါတစ်လေ လိုချင်တာလေးရဖို့ အတွက်
ပေးဆပ်လိုက်ရတာတွေ ၊ အနစ်နာခံလိုက်ရတာတွေ
အဲဒီ ဘ၀ဆိုတာ နဲ့ တန်တောင်မတန်ဘူး။
ဒါပေမယ့် သူငယ်ချင်းတို့ ရေ မှတ်ထားလိုက်စမ်းပါ ၊
အဲဒီလို ဘ၀ကမှ အမှန်အကန် ဘ၀ပါ ။
တစ်ချို့သော လူတွေ ကပြောကြလိမ့် မယ်
ဘ၀ ဆိုတာ အလွရ်လေးပါကွာ လို့ ။
အဲဒီလိုလူမျိုးတွေ က တစ်ကယ် ဘ၀ အမှန်အကန်က
ဘာလဲ ဆိုတာ မသိသေးလို့ပါ ၊
တစ်ကယ်တော့ ဘကုံးနဲ့ ၀လုံးကြားမှာ
ကျွန်တော် တို့ မသိတာတွေ အများကြီးပါဗျာ ။
ခင်မင်လေးစားလျှက် နတ်ဆိုးလေး (မနက် 1:35 ၊10/06/11)
0 comments:
Post a Comment