ဒီအိမ် ဒီနေရာ
ဒီမှာ ငါ ငုတ်တုတ်
လွမ်းမောနေဆဲ
.............
ဟိုးတုန်းက
နေ့ရက်ဟောင်း
နေရာဟောင်း
ဒိုင်ယာရီဟောင်း
ကဗျာဟောင်းတွေကြားထဲက
မှိုတတ်နေတဲ့
ငါရင်ခွင် ဟောင်းနဲ့
.............
တိတ်ဆိတ်ည
မိုးသဲထဲ
ဝိုးတ၀ါး မပီပြင်
အခန်းကျဉ်းထဲ
မျက်ဝန်းတစ်စုံမှ
အလွမ်းမိုးတွေ
ဘယ်သူလာသိနိုင်မလဲ.
...............
ဟိုးအဝေးကြီးမှာ
ပျော်နေပါလို့
...............
(ခင်မင်လေးစားလျှက် နတ်ဆိုးလေး)
(အဟောင်းဆီသို့ အလွမ်း)
Friday, June 24, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 8:54 AM
0 comments:
Post a Comment