ကမ္ဘာမြေကြီး၇ဲ့
နှလုံးသား ကမ်းစပ်မှာ
မိုးနဲ့မြေကြီး အကြည်ဆိုက်နေလေရဲ့
ချစ်သူရေ..............
ငါအချစ်နဲ့ထပ်တူ နင်အချစ်ကရော
တစ်ချိန်မှာတော့ မိုးနဲ့မြေလို
ကြည်နူးနိုင်မယ်ထင်ပါရဲ့
..................
နေနဲ့လလို
ဆုံနိုင်ခွင့် တစ်ခဏပေမဲ့
နေမင်းကြီးရဲ့ခဏတာ အလင်းရောင်နဲ့
တညတာ လုံး လမင်းသာနေသလိုပဲ
ချစ်သူရေ
ငါအချစ်နဲ့ နင်တစ်ဘ၀လုံး
လမင်းလေးလို သာယာလှပစေချင်တာပါ
..................
ချစ်သူရေ
ငါတို့ရဲ့အချစ်မိုးကောင်ကင်ကြီးထဲက
တိမ်ညို တိမ်မဲတွေကိုအပြစ်မမြင်ပါနဲ့
သူတို့၇ဲ့နောက်ကွယ်မှာ ဖြူစင်လှပတဲ့
အချစ်ရဲ့ကောင်းကင်ပြင်ကြီး ရှိနေတာမို့ပါ
..................
ချစ်သူရေ
အခမ်းနားဆုံး အထည်ဝါဆုံး
အမွန်မြတ်ဆုံး ထုထည်အကြီးမားဆုံးနဲ့
များလှပါတဲ့ စာတွေကဗျာတွေ
သဘာဝတွေ အလှအပတွေ
ဘယ်လိုဘယ်ပုံ စပ်ဆိုသော်လဲ
ငါရဲ့အချစ် သည်သာ
ထာဝရတစ်သက်တာ
...................
(ခင်မင်လျှက် နတ်ဆိုးလေး)
( ဤသို့ဆိုခဲ့လျှင်........)
Friday, June 24, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 9:52 AM
0 comments:
Post a Comment