သိပ္ပ္ပံခေတ်၊ အာကာသခေတ်ဟူ၍ ရေပန်းစားနေသော မျက်မှောက်ခေတ်တွင် သိပ္ပ္ပံပညာသည်သာ ခေတ်မီ၍ ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် ခေတ်မမီတော့ဟု လူများစွာတို့က အထင်မှားမိကြပေလိမ့်မည်။အမှန်မှာ လွန်ခဲ့သော နှစ်တစ်ရာကျော်လောက်က တွေ့ရှိခဲ့သည့် သိပ္ပ္ပံပညာရပ်များသည်သာ ယနေ့ ခေတ်မမီတော့ပါ။ ယခုတွေ့ရှိထားသော သိပ္ပ္ပံပညာရပ်များသည်လည်း နောင်နှစ်ပေါင်း ၅၀ ကြာလျှင် ခေတ်တုံးသွားပါလိမ့်မည်။
ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည်ကား နှစ် ၂၅၀၀ ကျော်ကြာညောင်းခဲ့ပြီဖြစ်လင့်
ကစား ဆန်းသသစ်လျက် ထိပ်တန်းကျလျက်ပင် ရှိနေပါသည်။ ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ်။
တရားစစ်မှန်ကန်လျှင် ခေတ်အမျိုးမျိုးပြောင်းသော်လည်း မဟောင်း။
သိပ္ပ္ပံပညာ၏ဆန်းကြယ်မှုဆိုသည်မှာ ရုပ်၏ဆန်းကြယ်မှုသာဖြစ်သည်။ ရုပ်၏ဆန်းကြယ်မှုသည် နာမ်၏ဆန်းကြယ်မှုကို မယှဉ်တုနိုင်ပါ။ ရုပ်တရားတို့ကို နာမ်တရားတို့က ကြီးစိုးနေသည်။ သိပ္ပ္ပံပညာကို စိတ်ကသာ ဦးဆောင်ပေးနေသည် မဟုတ်လော။
သိပ္ပ္ပံပညာသည် ရုပ်ဟုဆိုအပ်သော ဒြပ်နှင့် စွမ်းအင်အကြောင်းတို့ကိုသာ သိနားလည်သည်။ နာမ်တရားဖြစ်သည့်စိတ်နှင့် စေတသိက်တို့၏ အကြောင်းကို မသိနားမည်ချေ။
သိပ္ပ္ပံပညာသည် ရုပ်ဝတ္တုများကို အမျိုးမျိုးပြောင်းလဲစေပြီး လူသုံးပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်သော်လည်း လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ က္ကသာ၊ မစ္ဆရိယ စသည့် စေတသိက်ဆိုးတို့၏ ခြယ်လှယ်ခြင်းကို ခံနေကြရသော ကမ္ဘာသူကမ္ဘာသားတို့ကို ယဉ်ကျေးသိမ်မွေ့အောင် မဆုံးမပေးနိုင်ပါ။ ပျော်ရွှင်ချမ်းမြေ့အောင်လည်း မဖန်တီးပေးနိုင်ပါ။ လောဘ၊ ဒေါသ၊ မောဟတို့ လွန်ကဲ့နေသမျှ ကာလပတ်လုံး ဘ၀ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို မရရှိနိုင်ပါ။
သိပ္ပ္ပံပညာက ထုတ်လုပ်ပေးလိုက်သော လက်နက်ဆန်းများသည်း ယနေ့ကမ္ဘာ့ဒေသပေါင်းများစွားတို့
၌ လူသားတို့၏ အသက်ပေါင်းများစွာတို့ကို ချေမှုန်းလျက်ရှိကြ၏။ တိုက်ချင်းပစ် ဒုံးပျံကြီးများနှင့် အဏုမြူထိပ်ဖူးများက ကမ္ဘာကြီးတစ်ခုလုံး ကို ချေမှုန်းပစ်ရန် ဒုံးပျံစင်ကြီးများပေါ်တွင် အသင့်စောင့်နေကြလေပြီ။ တတိယကမ္ဘာစစ်ကို မည်သူတားဆီးနိုင်အံ့နည်း။
သူတော်ကောင်းတရားမထွန်းကားဘဲ လူမိုက်တရားအားကောင်းနေလျှင် လူသားအပေါင်းတို့သည် အနှေးနှင့်အမြန် အစုလိုက်၊ အပြုံလိုက် စတေးခံကြရမည်သာတည်း၊
သူတော်ကောင်းတရားထွန်းကားအောင် သိပ္ပ္ပံပညာက မဆောင်ရွက်ပေးနိုင်ပါ။ ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာကသာ ဆောင်ရွက်ပေးနိုင်သည်။
ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် လောဘ၊ ဒေါသ၊ မောဟ တို့ဦးဆောင်သည့် တရားဆိုးများကို နှိမ်နှင့်ပြီးလျှင် ဘ၀ငြိမ်းချမ်းရေးကို ရရအောင် ရွက်ဆောင်ပေးနိုင်၏။
ကမ္ဘာတစ်ဝန်းလုံး၌ ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာတာရားမြတ် ပွင့်လန်းထွန်းကားမည်ဆိုလျှင် ဤကမ္ဘာကြီးသည် လက်ငင်းချက်ချင်း ငြိမ်းချမ်းသာယာသွားပေးလိမ့်မည်
။ လောကီနယ်နှင့် လောကုတ္တရာနယ်တို့၌ တကယ်ရှိသော အရှိတရားများမှာ မြတ်ဗုဒ္ပ္ပ္ဓ္ဓ္ဓညွှန်ပြထားသည့်အတို
င်း စိတ်၊ စေတသိက်၊ ရုပ်၊ နိဗွာန်ဟူ၍ လေးပါးတို့ဖြစ်ကြ၏။ ဤသို့ ပရမတ္တလေးပါးရှိကြောငိးကု သက်သေအထင်အရှားရှိသဖြင့် မည်သူမျှ မငြင်းဆိုနိုင်ပါ။ သို့သော် သိပ္ပ္ပံပညာသည် ရုပ်တရားတစ်ပါးကိုသာ သိသည်။ ကျန်တရား သုံးပါးကို မသိချေ။
တစ်ဖန် ဤပရမတ္တတရားအပေါင်းတို့၏ ဖြစ်ပျက်ဆက်နွယ်ပုံကို ရှင်းပြရန် အတွက် အစုံးစွန်မှန်ကန်သော နိယာမတရားငါးပါးရှိသည်။
(၁) ဥတုနိယာမ = ရုပ်ပိုင်းဆိုင်ရာနိယာမများ
(၂) ဗီဇနိယာမ = ဇိဝဆိုင်ရာနိယာမများ
(၃) စိတ္တနိယာမ = စိတ်တို့၏ဖြစ်မြဲသဘော
(၄) ကမ္မနိယာမ = ကံတရားတို့၏ ဖြစ်မြဲသဘော
(၅) ဓမ္မနိ.ယမ = သဘာဝဓမ္မတို့၏ ဖြစ်မြဲသဘော
ဤသို့ လောကအလုံးစုံကို လွှမ်းခြုံနိုင်သော နိယာမငါးပါးရှိသည့်အနက် သိပ္ပ္ပံပညာက ပထမနိာယမနှစ်ခုကိုသာ သိနားလည်သည်။ ကျန်နိယာမသုံးပါကို မသိနားမလည်ပါ။
ထို့ကြောင့် သိပ္ပ္ပံပညာသည် ဘ၀ပြဿနာများနှင့် လောကပြဿနာများကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါ။
ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် အထက်ဖော်ပြပါ နိယာမငါးပါးလုံးကို သိမ်းကျုံးခြုံငုံထားသဖြင့် ဘ၀ပြဿနာများနှင့် လောကပြဿနာများကို ဖြေရှင်းပေနိုင်စွမ်းရှိ၏။
ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် လူတို့၏စိတ်ကို ရိုင်စိုင်းယုတ်ညံ့ ကြမ်းကြုတ်ညစ်နွမ်းစေကြသော ကိလေသာတရားဆိုးများအား ချိုးနှိမ်ဖယ်ရှားနိုင်စေသည့် နည်းလမ်းမှန်ကို ညန်ပြပေးနိုင်၏။
စိတ်ထားဖြူစင်မြင့်မြတ်သောု လူကောင်းလူတော်များ ပေါ်ထွန်းအောင် ပျိုးထောင်ပေးနိုင်၏။ အကောင်းနှင့် အဆိုး၊ အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားပြနိုင်၏။
သိပ္ပ္ပံပညာက ပေးစွမ်းနိုင်သော ချမ်းသာသုခထက် အဆပေါင်းများစွာသာလွန်သည့် ချမ်းသာသုခကို ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာက ပေးဆောင်နိုင်၏။
ဂရိတွေးခေါ်ရှင် ဆိုကရေးတီးပြောကြားခဲသည့်အတိုင်
း ``လူသားတို့သည် အမှန်တရားကို သိအောင်ရှာကြံကြရမည်။ အမှန်တရားကိုသိလျှင် အမှားကို မည်သူမျှ ပြုလုပ်တော့မည်မဟုတ်´´။ ထို့ကြောင့် လူတိုင်းပင် မှန်ကန်သော ဘ၀လမ်းညွှန်ချက်ကို ရရှိပြီး စိတ်ချရသော ဘ၀အာမခံချက်ကို ထွေးပိုက်နိုင်ရေးအတွက် ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာကို အဆေတလျင် သင်အံသင့်ကြလေပြီ။
ကမ္ဘာ့သိပ္ပ္ပံပညာကျော် အိုင်းစတိုင်းက ဤသို့မိန့်ဆိုသွာ၏။
Religion is lame without science and science is blind without religion.
သိပ္ပ္ပံပညာမပါသော ဘာသာရေးသည် အကျိုးဖြစ်ပြီး ဘာသာရေးမပါသော သိပ္ပ္ပံပညာသည် အကန်းဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင် စားဝတ်နေရေးအတွက် သိပ္ပ္ပံပညာသည် အမှန်လိုအပ်နေပါ၏။ သို့ရာတွင် သိပ္ပ္ပံပညာသည် ခြေလက်သန်စွမ်းသည် အကန်းနှင့် တူနေသဖြင့် မျက်စိနှင့်တူသော အဘိဓမ္မာတရားကို ဆတက်တပိုးတိုး၍ပင် လိုါအပ်နေပါ၏။
လောကီပညာကိုသင်ကြားရင်း လက်တစ်ကမ်းတွင်ပင် အရန်သင့်ရှိနေသော ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာကို သင်အံသွားလျှင် အမြတ်ဆုံး ဘ၀ဆုလာဘ်ကို ဧကန်မုချရရှိမည်သာတည်း။
ကျမ်းကိုး။ ။ ဒေါက်တာမင်းတင်မွန်၏ အဖိုးတန်ဆုံးဘ၀ပညာ တက္ကသိုလ်အဘိဓမ္မာ အတွဲ ၁၊ ၂၊ ၃
ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာ
သိပ္ပ္ပံပညာနှင့် အဘိဓမ္မာ
Sunday, July 31, 2011
အကြောင်းအရာ:
ဆောင်းပါး
အချိန်က : 9:40 AM
0 comments:
Post a Comment