ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ချင်ရင် ဘာတွေလိုအပ်သလဲဆိုတော့ ပထမ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ရပါတယ်။ ဒီသရဏဂုံသုံးပါးကို ရဟန်းတော်တစ်တစ်ပါးပါးအထံမှာ ဆောက်တည်ရမှာပါ။ ရဟန်းတော်တစ်ပါးပါးအထံမှာ ဆောက်တည်တယ်ဆိုတာ ကတိခံခြင်း တစ်မျိုးပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသူ တစ်ယောက်အတွက်တော့ ဘုရားရှေ့မှာ ထိုင်ပြီး သရဏဂုံသုံးပါးဆောက်တည်ရင်လဲရပါတယ်။ ယခုမှဗုဒ္ဓဘာသာ ၀င်ချင်သူအတွက်တော့ ရဟန်းတော်တစ်ပါးအထံမှာ သရဏဂုံဆောက် တည်ပြီး ငါးပါးသီလကိုပါတစ်ခါတည်း ခံယူကြရပါတယ်။ ဒီလိုဆိုရင် ယခုမှဗုဒ္ဓဘာသာဝင်ချင်သူတစ်ယောက်
က ဘာဖြစ်လို့ရဟန်း တော်တစ်ပါးအထံမှာဆောက်တည်ရပါသလဲ ? ဘုရားရှေ့မှာရော သရဏဂုံ ဆောက်တည်ရင် ဗုဒ္ဓဘာသာဝင်မဖြစ်နိုင်ဘူးလား? မေးစရာရှိပါတယ်။ ဗုဒ္ဓသာသနာကိုပထမဆုံး စတင်တည်ထောင်သူက မြတ်ဗုဒ္ဓပါပဲ။ မြတ်ဗုဒ္ဓပြီးရင် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်
ပါ။ ဒါပြီးမှ သာသနာကို စောင့်ရှောက်နေတဲ့ သံဃာတော်တွေပါ။ ဒီသုံးခုကို ရတနာသုံးပါးလို့ခေါ် ပါတယ်။ ဒီရတနာမြတ်သုံးပါးကိုဆောက်တည်ြ ခင်းကပင် သရဏဂုံသုံးပါး ဆောက်တည်ခြင်းလို့ခေါ်ပါတယ်။ ဆောက်တည်ပုံကတော့------ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ= ဘုရားကို ယုံကြည်ကိုးကွယ်ပါ၏။
ဓမံ္မ သရဏံ ဂစ္ဆာမိ= တရားကို ယုံကြည်ကိုးကွယ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ= သံဃာတော်ကိုယုံကြည်ကိုးကွယ်ပါ၏ ဖြစ်ပါတယ်။
ဒီသရဏဂုံဆောက်တည်ပုံကိုကြည့်ရင် သံဃာတော်တွေပါနေတာတွေ့ ရပါတယ်။ ဗုဒ္ဓဘာသာကိုအခုမှစ၀င်မည့်သူတစ်ေ
ယာက်ဟာ ယခုသက်ရှိထင် ရှားရှိတဲ့ သံဃာတော်တွေထံမှာသာ ဆောက်တည်ကတိခံပြီး ငါးပါးသီလကိုပါ ခံယူကျင့်သုံးရခြင်းဖြစ်ပါတယ်။ အများတွေးနည်းတွေးရင်တော့ သက်ရှိ ထင်ရှားရှိသူကို အသိသက်သေပြုခိုင်းခြင်းသဘောပါပဲ ။နောက်တစ်ခု ဘာနဲ့ဥပမာတူသလဲဆိုတော့ ပိုက်ဆံတောင်းချင်ရင် ပိုက်ဆံရှိသူကိုတောင်းမှ ပိုက်ဆံရသလဲမျိုးပါ။ မြတ်ဗုဒ္ဓက လောကမှာသက်ရှိထင်ရှားမရှိတော့ သက်ရှိထင်ရှားရှိတဲ့ မြတ်ဗုဒ္ဓရဲ့သားတော်ဆီမှာသရဏဂုံ တောင်းခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းတစ်ပါးအထံမှာ သရဏဂုံဆောက်တည် ရခြင်းပါ။ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် သရဏဂုံဆောက်တည်ရုံနှင့်ဖြစ်ပြီ
လား။ မဖြစ်သေးပါဘူး။ ဗုဒ္ဓဘာသာဝင်တော့ဖြစ်သွားပြီ။ ဒါပေမဲ့ ဖြူစင်တဲ့ဗုဒ္ဓ ဘာသာဝင်တစ်ယောက်ဖြစ်ဖို့တော့လို သေးတယ်။ ဘာတွေလိုလဲဆိုတော့ ကျင့်သုံးမှုအပိုင်းလိုသေးတယ်။ ကျင့်သုံးမှုမရှိဘဲ ပါးစပ်ကတဖွဖွရွတ်ဆိုနေ ရုံနဲ့တော့ ဖြူစင်တဲ့ဗုဒ္ဓဘာသာဝင်တစ်ယောက်ြ ဖစ်လာမှာမဟုတ်ဘူး။ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ဒေသနာတွေကများသည့် အတွက်ကြောင့် အကျဉ်းချုပ်ပြီး ကျင့်သုံးစရာလေးကို ပြောရမယ်ဆိုရင်------- ၁။ မကောင်းတာကိုမလုပ်နဲ့။
၂။ ကောင်းတာကိုလုပ်။
၃။ မိမိရဲ့စိတ်ကို ဖြူစင်အောင်ထားဖို့ပဲ ဖြစ်ပါတယ်။
ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ပါပြီ။
ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ချင်ရင် ဘာတွေလိုအပ်သလဲ?
Sunday, July 31, 2011
အကြောင်းအရာ:
ဆောင်းပါး
အချိန်က : 9:22 AM
0 comments:
Post a Comment