Harvard ဟားဗတ်ဘွဲ့နှင်းသဘင်က ဘီလ်ဂိတ်ရဲ့ဟောပြောမှု

Monday, September 12, 2011

ဇွန်လ(၇)ရက်နေ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ဘီလ်ဂိတ်ဟောပြောခဲ့တဲ့ ဟောပြောပွဲတစ်ခုဖြစ်ပါတယ်။ အဲဒီဟောပြောပွဲမှာ ဘီလ်ဂိတ်က သူ့ငယ်စဉ်ကျောင်းသားဘဝ၊ ကျောင်းကထွက်ခွါခဲ့တဲ့ အတွေ့အကြုံနဲ့ သူ့ရဲ့လူ့ဘဝအမြင်တွေကို ဟောပြောသွားခဲ့ပါတယ်။

President Bok, former President Rudenstine, incoming President Faust, members of the Harvard Corporation and the Board of Overseers, members of the faculty, parents, and especially, the graduates:

လေးစားရပါတဲ့ လက်ရှိပါမောက္ခBok၊ ယခင်ပါမောက္ခ Rudenstine၊ နောက်လာမဲ့ပါမောက္ခ Faust၊ ဟားဗတ်အဖွဲ့ဝင် ဝန်ထမ်းများ၊ ကြည့်ကြပ်ရေးမှူးများ၊ ဆရာ ဆရာမများ၊ မိဘများနဲ့ အထူးသဖြင့်ကျောင်းသား၊ ကျောင်းသူများ ....

I’ve been waiting more than 30 years to say this: "Dad, I always told you I’d come back and get my degree."

"အဖေ... ကျွန်တော့်ရဲ့ဘွဲ့လက်မှတ်ကို ကျွန်တော်အရပြန်လာယူမယ်လို့ ကျွန်တော်အမြဲပြောခဲ့တယ်" ဆိုတဲ့ နှစ်(၃ဝ)ကြာစောင့်ခဲ့ရတဲ့ စကားတစ်ခွန်းကို ကျွန်တော်ပြောခွင့်ရပါပြီ။

I want to thank Harvard for this timely honor. I’ll be changing my job next year … and it will be nice to finally have a college degree on my resume.

ဒီလိုအချိန်မှာ ကျွန်တော့်ကိုဘွဲ့ဂုဏ်ထူးတွေ ပေးခဲ့တဲ့ဟားဗတ်ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ နောက်တစ်နှစ်မှာ ကျွန်တော်အလုပ်ပြောင်းတော့မယ်။ (ဆော့ဝဲလ်ကုမ္ပဏီမှ ပင်စင်ယူမှာကို ဆိုလိုတာဖြစ်တယ်)။ တက္ကသိုလ်ကဘွဲ့တစ်ခုကို ကျွန်တော့်ကိုယ်ရေးအကျဉ်းမှာ ရေးနိုင်ခဲ့ပါပြီ။

I applaud the graduates today for taking a much more direct route to your degrees. For my part, I’m just happy that the Crimson has called me "Harvard’s most successful dropout." I guess that makes me valedictorian of my own special class … I did the best of everyone who failed.

ဒီနေ့ ဒီနေရာမှာထိုင်နေကြတဲ့ ကျောင်းသားတွေအစား ကျွန်တော်ဝမ်းသာမိပါတယ်။ ခင်ဗျားတို့ရယူနိုင်ခဲ့တဲ့ ဘွဲ့လက်မှတ်က ကျွန်တော့်ထက် ပိုလွယ်ကူခဲ့ပါတယ်။ ဟားဗတ်ကျောင်းသတင်းစာ Crimson က ကျွန်တော့်ကို "ဟားဗတ်တက္ကသိုလ်သမိုင်းမှာ အအောင်မြင်ဆုံး (တစ်ဝက်တစ်ပျက်) ကျောင်းရပ်နားတဲ့ကျောင်းသား"လို့ ပြောခဲ့တယ်။ ဒါဟာ ကျွန်တော့်လိုကျောင်းသားတွေကို ကျွန်တော်ဟောပြောခွင့်ရစေတယ်လို့ ကျွန်တော်ထင်တယ်... ကျရှုံးသူတွေထဲမှာ ကျွန်တော်အကောင်းဆုံး လုပ်နိုင်ခဲ့လို့ပါပဲ။

But I also want to be recognized as the guy who got Steve Ballmer to drop out of business school. I’m a bad influence. That’s why I was invited to speak at your graduation. If I had spoken at your orientation, fewer of you might be here today.

ဒါပေမယ့် အားလုံးကို ကျွန်တော်အသိပေးရဦးမယ်။ ကျွန်တော့်ကြောင့် Steve Ballmer (ဆော့ဝဲလ်ကုမ္ပဏီမန်နေဂျာ)လည်း ဟားဗတ်စီးပွါးရေးကျောင်းကနေ ကျောင်းရပ်နားခဲ့တယ်။ ကျွန်တော်ဟာ သြဇာဆိုးလွှမ်းနိုင်သူဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဟောပြောဖို့ ကျွန်တော်ဖိတ်ကြားခံရတယ်။ တကယ်လို့ ခင်ဗျားတို့ရဲ့ကျောင်းဖွင့်ပွဲ အခမ်းအနားမှာသာ ကျွန်တော်ဟောပြောခွင့်ရခဲ့ရင် ဒီနေ့ထိကြံ့ကြံ့ခံပြီး ဒီနေရာမှာ ဘွဲ့ယူမဲ့ကျောင်းသားတွေ ဒီထက်နည်းပါလိမ့်မယ်။

Harvard was just a phenomenal experience for me. Academic life was fascinating. I used to sit in on lots of classes I hadn’t even signed up for. And dorm life was terrific. I lived up at Radcliffe, in Currier House. There were always lots of people in my dorm room late at night discussing things, because everyone knew I didn’t worry about getting up in the morning. That’s how I came to be the leader of the anti-social group. We clung to each other as a way of validating our rejection of all those social people.

ဟားဗတ်မှာပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် ထူးခြားတဲ့ အတွေ့အကြုံဖြစ်တယ်။ ကျောင်းဝင်းအတွင်းပညာရေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ရွေးမထားတဲ့ ဘာသာရပ်တွေကို ကျွန်တော်အမြဲ သွားနားထောင်ခဲ့တယ်။ ကျောင်းဝင်းပြင်ပ နေထိုင်ရေးကလည်း အရမ်းမိုက်တယ်။ Radcliffeမှာ ကျွန်တော်လွတ်လွတ်လပ်လပ် နေချင်သလိုနေခဲ့တယ်။ ကျွန်တော့်အခန်းမှာ ညနက်သန်းခေါင်ယံအထိ ကိစ္စဝိစ္စတွေ ဆွေးနွေးကြသူတွေ မပြတ်ခဲ့ဘူး။ နောက်တစ်နေ့မနက်မှာ မနက်စောစောထဖို့ ကျွန်တော်ဘယ်တော့မှ မစဉ်းစားခဲ့ဘူးဆိုတာ သူတို့သိလို့ဖြစ်တယ်။ ဒါနဲ့ပဲ ကျွန်တော်က ကျောင်းမှာလူမှုရေးခေါင်းပါးတဲ့ ကျောင်းသားတွေရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့အတူတကွ ဖက်တွယ်နေထိုင်ကြပြီး လူမှုဆက်ဆံရေးကောင်းတဲ့ ကျောင်းသားတွေရဲ့ ဆန့်ကျင်ဘက်အလုပ်ကိုပဲ လုပ်ခဲ့ကြတယ်။

Radcliffe was a great place to live. There were more women up there, and most of the guys were science-math types. That combination offered me the best odds, if you know what I mean. This is where I learned the sad lesson that improving your odds doesn’t guarantee success.

Radcliffeက နေထိုင်လို့ကောင်းတဲ့ နေရာလေးပါ။ အဲဒီနေရာမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက် များတယ်။ ယောက်ျားလေးအများစုကလည်း သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ ကျောင်းသားတွေဖြစ်တယ်။ ဒီလိုအခြေအနေက ကျွန်တော့်အတွက် အခွင့်အရေးတွေ အများကြီးဖန်တီးပေးခဲ့တယ်။ ကျွန်တော်ပြောတာကို ခင်ဗျားတို့နားလည်ခဲ့ရင်ပေါ့။ ဒါပေမယ့် နှမြောစရာကောင်းတာက အဲဒီနေရာမှာ လူ့ဘဝရဲ့ ဝမ်းနည်းခြင်းသင်ခန်းစာကို ကျွန်တော်သင်ယူခဲ့ရတယ်။ "အခွင့်အရေးကောင်းတိုင်း သင်အောင်မြင်လိမ့်မယ်လို့ တထစ်ချပြောလို့ မရဘူး"

One of my biggest memories of Harvard came in January 1975, when I made a call from Currier House to a company in Albuquerque that had begun making the world’s first personal computers. I offered to sell them software.

ဟားဗတ်မှာ ကျွန်တော်မေ့မရတဲ့ အကြောင်းအရာတစ်ခုက (၁၉၇၅)ခုနှစ် ဇန်နဝါရီလမှာဖြစ်ပွါးခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အဆောင်ခန်းထဲကနေပြီး Albuquerqueမှာရှိတဲ့ ကုမ္ပဏီတစ်ခုဆီ ကျွန်တော်ဖုန်းဆက်နေခဲ့တယ်။ အဲဒီကုမ္ပဏီက ကမ္ဘာ့ပထမဦးဆုံး ကိုယ်ပိုင်ကွန်ပြူတာတစ်လုံးကို ထီထွင်နေတဲ့ ကုမ္ပဏီဖြစ်တယ်။ ကျွန်တော့်ဆော့ဝဲလ်တွေ သူတို့ကိုရောင်းဖို့ ကျွန်တော်စိတ်ကူးထားတယ်။

I worried that they would realize I was just a student in a dorm and hang up on me. Instead they said: "We’re not quite ready, come see us in a month," which was a good thing, because we hadn’t written the software yet. From that moment, I worked day and night on this little extra credit project that marked the end of my college education and the beginning of a remarkable journey with Microsoft.

ကျွန်တော်ဟာ အဆောင်နေကျောင်းသားတစ်ဦးဆိုတာကို သူတို့သိသွားပြီး ဖုန်းချလိုက်မှာကို ကျွန်တော်အရမ်းစိုးရိမ်ခဲ့တယ်။ ဒါပေမယ့် သူတို့က "ကျွန်တော်တို့အဆင်သင့် မဖြစ်သေးဘူး။ တစ်လနေပြီးမှ ကျွန်တော်တို့နဲ့ပြန်ဆက်သွယ်ပါ"လို့ ပြောခဲ့တယ်။ ဒါဟာ သတင်းကောင်းတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆော့ဝဲလ်ကို ကျွန်တော်တို့ရေးလို့ မပြီးသေးလို့ပါပဲ။ အဲဒီအချိန်ကစပြီး ကျောင်းပြင်ပအလုပ်လေးတစ်ခုနဲ့ နေ့နေညည ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ အဲဒီအတွက်နဲ့ ကျွန်တော်ရဲ့ကျောင်းသားဘဝကို ရပ်စဲခဲ့ပြီး ဆော့ဝဲလ်ကုမ္ပဏီဆီလှမ်းတဲ့ မညီညာတဲ့ခရီးကိုစခဲ့တယ်။

What I remember above all about Harvard was being in the midst of so much energy and intelligence. It could be exhilarating, intimidating, sometimes even discouraging, but always challenging. It was an amazing privilege – and though I left early, I was transformed by my years at Harvard, the friendships I made, and the ideas I worked on.

ဘာပဲဖြစ်ဖြစ် ဟားဗတ်နဲ့ပတ်သက်တဲ့ ကျွန်တော့်မှတ်ဥာဏ်ထဲမှာ အားအင်နဲ့ အသိဥာဏ်တွေပြည့်ဝစေခဲ့တယ်။ ဟားဗတ်မှာနေထိုင်ရတဲ့ဘဝက လူတွေကိုပျော်ရွှင်စေသလို စိတ်ဖိအားတွေလည်း ခံစားစေခဲ့တယ်။ တစ်ခါတလေ စိတ်ပျက်အားလျော့စေပေမယ့် စိန်ခေါ်မှုတွေ အမြဲပြည့်ဝစေခဲ့တယ်။ ဟားဗတ်မှာနေရတဲ့ဘဝက အထူးအခွင့်အရေးပဲ.... ကျွန်တော်ကစောပြီး ခွဲထွက်သွားခဲ့ပေမယ့် ဒီနေရာမှာ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်း၊ ဒီနေရာမှာ တွေးတောကြံဆခဲ့တာတွေက ကျွန်တော့်ကိုလုံးဝ ပြောင်းလဲစေခဲ့တယ်။

But taking a serious look back … I do have one big regret.

ဒါပေမယ့် အခုချိန်မှာ အတိတ်ကို သေချာပြန်စဉ်းစားကြည့်လိုက်ရင် ကျွန်တော့်ကို နောင်တကြီးကြီးမားမား ရစေတဲ့ အရာတစ်ခုရှိခဲ့တယ်။

I left Harvard with no real awareness of the awful inequities in the world – the appalling disparities of health, and wealth, and opportunity that condemn millions of people to lives of despair.

ဟားဗတ်ကို ကျွန်တော်ထွက်ခွါခဲ့တုန်းက ဒီလောကကြီး လုံးဝမတရားဘူးဆိုတာကို ကျွန်တော်မသိခဲ့ဘူး။ လူတွေရဲ့ ကျန်းမာရေး၊ ကြွယ်ဝချမ်းသာမှုနဲ့ အခွင့်အရေးတွေရဲ့ မညီမျှခြင်းက ကြောက်ခမန်းလိလိပါပဲ။ အဲဒီအရာတွေက လူတော်တော်များများကို မျှော်လင့်ချက်မဲ့တဲ့ ဘဝရောက်အောင် တွန်းပို့နိုင်ခဲ့တယ်။

I learned a lot here at Harvard about new ideas in economics and politics. I got great exposure to the advances being made in the sciences.

ဟားဗတ်မှာ စီးပွါးရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ ကျွန်တော်အများကြီး သင်ယူခဲ့တယ်။ သိပ္ပံနည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှု တော်တော်များများကိုလည်း ကျွန်တော်နားလည်ခဲ့တယ်။

But humanity’s greatest advances are not in its discoveries – but in how those discoveries are applied to reduce inequity. Whether through democracy, strong public education, quality health care, or broad economic opportunity – reducing inequity is the highest human achievement.

ဒါပေမယ့် လူသားတွေရဲ့ အကြီးမားဆုံးတိုးတက်မှုက ဒီပညာရပ်တွေကို ရှာဖွေနိုင်ခဲ့လို့မဟုတ်ဘူး။ ဒီအရာတွေက လူသားတွေရဲ့ မညီမျှမှုတွေကို လျော့နည်းအောင် အကူအညီပေးနိုင်လို့ဖြစ်တယ်။ ဘယ်လိုနည်းမျိုးဖြစ်ဖြစ် -- ဒီမိုကရေစီနိုင်ငံ၊ ပြည့်ဝတဲ့ပညာရေး၊ အရည်အချင်းစစ်မီတဲ့ ကျန်းမာရေး၊ ပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွါးရေးအခွင့်အရေး စတာတွေက မညီမျှမှုတွေကို လျော့နည်းစေတဲ့ လူသားတွေရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်။

I left campus knowing little about the millions of young people cheated out of educational opportunities here in this country. And I knew nothing about the millions of people living in unspeakable poverty and disease in developing countries.

ကျောင်းဝင်းကနေ ကျွန်တော်ခွဲထွက်ခဲ့တဲ့အချိန် ဒီနိုင်ငံမှာ ပညာသင်ဖို့ အခွင့်အလမ်းနည်းတဲ့ လူငယ်တွေ သန်းပေါင်းများစွာ ရှိနေတယ်ဆိုတာကို ကျွန်တော်လုံးဝမသိခဲ့ဘူး။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ လူတွေဟာ ထုတ်ဖော်ပြောမပြနိုင်တဲ့ ဆင်းရဲမွဲတေမှုနဲ့ ရောဂါဘယတွေကြားမှာ ရှင်သန်နေရတယ်ဆိုတာကိုလည်း ကျွန်တော်မသိခဲ့ဘူး။

It took me decades to find out.

ဆယ်စုနှစ်ကြာမှ ဒီအရာတွေကို ကျွန်တော်သိရှိ နားလည်ခဲ့ရတယ်။

You graduates came to Harvard at a different time. You know more about the world’s inequities than the classes that came before. In your years here, I hope you’ve had a chance to think about how – in this age of accelerating technology – we can finally take on these inequities, and we can solve them.

ဒီနေ့မှာရောက်ရှိလာကြတဲ့ ကျောင်းသူကျောင်းသားတွေ ခင်ဗျားတို့နဲ့ကျွန်တော်က မတူတဲ့ခေတ်ကာလမှာ ဟားဗတ်ကိုရောက်ခဲ့ကြတယ်။ ခင်ဗျားတို့က အရင်ကျောင်းသားတွေထက် လောကကြီးရဲ့မတရား၊ မညီမျှတာတွေကို ပိုနားလည်ကြလိမ့်မယ်။ ဟားဗတ်မှာ ခင်ဗျားတို့ ပညာသင်ကြားဆဲကာလမှာ ကိစ္စတစ်ရပ်ကို ခင်ဗျားတို့ဆွေးနွေးခဲ့ကြမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ အဲဒီအရာက ခေတ်သစ်နည်းပညာတွေနဲ့ အလျှင်အမြန် တိုးတက်နေတဲ့ခေတ်မှာ ဒီလိုမညီမျှမှုတွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ? ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲဖြစ်တယ်။

Imagine, just for the sake of discussion, that you had a few hours a week and a few dollars a month to donate to a cause – and you wanted to spend that time and money where it would have the greatest impact in saving and improving lives. Where would you spend it?

ဆွေးနွေးရလွယ်ကူအောင် ဒီလိုစိတ်ကူးကြည့်ရအောင် .... တကယ်လို့ အပတ်စဉ်တိုင်း ခင်ဗျားရဲ့ အချိန်အနည်းငယ်နဲ့ လစဉ်လတိုင်း ငွေတချို့ကိုခင်ဗျားလှူတန်းမယ်။ ဒီအချိန်၊ ဒီငွေတွေကို လူမှုကယ်ဆယ်ရေးနဲ့ ပြောင်းလဲတိုးတက်ရေး အထောက်အကူအပြုဆုံး နေရာမှာသုံးဖို့ ခင်ဗျားမျှော်လင့်ခဲ့မယ်ဆိုရင် ဘယ်လိုနေရာမျိုးကို ခင်ဗျားရွေးချယ်မလဲ?

For Melinda and for me, the challenge is the same: how can we do the most good for the greatest number with the resources we have.

Melinda (ဘီလ်ဂိတ်ရဲ့ဇနီး)နဲ့ကျွန်တော်လည်း ဒီလိုပြဿနာကို ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကျွန်တော်တို့ဘယ်လိုလုပ်မှ ပိုအထောက်အကူပြုနိုင်မလဲ?

During our discussions on this question, Melinda and I read an article about the millions of children who were dying every year in poor countries from diseases that we had long ago made harmless in this country. Measles, malaria, pneumonia, hepatitis B, yellow fever. One disease I had never even heard of, rotavirus, was killing half a million kids each year – none of them in the United States.

ဒီပြဿာနာကို ဆွေးနွေးနေတဲ့အတောအတွင်း Melindaနဲ့ကျွန်တော် ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိတယ်။ အဲဒီဆောင်းပါးက ဆင်းရဲတဲ့နိုင်ငံတွေက ကလေးငယ်တွေဟာ အမေရိကန်မှာ လွန်ခဲ့တဲ့နှစ်တွေထဲက အန္တရာယ်မရှိနိုင်တော့ဘူးလို့ သတ်မှတ်ထားတဲ့ရောဂါတွေနဲ့ နှစ်စဉ်သန်းပေါင်းများစွာ သေဆုံးနေကြတယ်။ ဝက်သက်ရောဂါ၊ ငှက်ဖျားရောဂါ၊ အဆုတ်ရောဂါ၊ အသဲရောင်ရောဂါ၊ အသားဝါရောဂါနဲ့ ကျွန်တော်လုံးဝ မကြားခဲ့ဖူးတဲ့ လှည့်ပတ်ရောဂါပိုးကြောင့် ကလေးငယ်(၅)သိန်းလောက်က နှစ်စဉ်သေဆုံးနေရတယ်။ အမေရိကန်နိုင်ငံမှာတော့ သေဆုံးမှုလုံးဝမရှိခဲ့ဘူး။

We were shocked. We had just assumed that if millions of children were dying and they could be saved, the world would make it a priority to discover and deliver the medicines to save them. But it did not. For under a dollar, there were interventions that could save lives that just weren’t being delivered.

ကျွန်တော်တို့ အရမ်းတုန်လှုပ်သွားခဲ့တယ်။ ကလေးငယ်သန်းပေါင်းများစွာက သေမင်းလက်က လွတ်ဖို့ရုန်းကန်နေကြတယ်။ သူတို့ဟာ ကယ်တင်နိုင်သူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ကိုကယ်တင်ဖို့ ကမ္ဘာကြီးက ဦးစားပေးဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့ထင်တယ်။ ဒါပေမယ့် ထင်သလိုမဖြစ်ခဲ့ဘူး။ (၁)ဒေါ်လာ တန်ဖိုးတောင်မရှိတဲ့ အသက်ကယ်ဆေးတွေကို သူတို့လက်ထဲအရောက် မပို့နိုင်ခဲ့ကြဘူး။

If you believe that every life has equal value, it’s revolting to learn that some lives are seen as worth saving and others are not. We said to ourselves: "This can’t be true. But if it is true, it deserves to be the priority of our giving."

တကယ်လို့ သက်ရှိတိုင်းညီမျှတယ်လို့ ခင်ဗျားယုံကြည်တယ်ဆိုရင် တချို့သက်ရှိတွေ ကယ်တင်ခံနေရချိန်မှာ တချို့သက်ရှိတွေ လက်လွတ်ဆုံးရှုံးခံနေရတယ်ဆိုတာကို ခင်ဗျားဘယ်လိုနည်းနဲ့မှ လက်ခံနိုင်မှာမဟုတ်ဘူး။ "ဒါဟာမဖြစ်နိုင်ဘူး။ တကယ်ဖြစ်ခဲ့ရင်တောင် ဒါဟာကျွန်တော်တို့ ကြိုးစားလုပ်ကိုင်ရမဲ့ ဦးစားပေးအရာဖြစ်တယ်"လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြောမိတယ်။

So we began our work in the same way anyone here would begin it. We asked: "How could the world let these children die?"

ဒါကြောင့် လူတိုင်းသိနားလည်နိုင်တဲ့လုပ်ရပ်နဲ့ ကျွန်တော်တို့ အလုပ်စလုပ်ခဲ့ကြတယ်။ "ကလေးငယ်တွေ သေသွားမှာကို လောကကြီးက ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မလား?" လို့ ကျွန်တော်တို့ မေးခဲ့တယ်။

The answer is simple, and harsh. The market did not reward saving the lives of these children, and governments did not subsidize it. So the children died because their mothers and their fathers had no power in the market and no voice in the system.

အဖြေက အရမ်းရိုးရှင်းသလို အရမ်းလည်းစူးဝါးစေခဲ့တယ်။ စီးပွါးရေးဈေးကွက်မှာ ကလေးငယ်တွေကို ကယ်တင်တဲ့အလုပ်က အကျိုးအမြတ်ရတဲ့ အလုပ်မဟုတ်ခဲ့ဘူး။ အစိုးရကလည်း ထောက်ပံ့ကြေးတွေ ပံ့ပိုးမှာမဟုတ်ဘူး။ ဒီကလေးငယ်တွေ သေဆုံးရတာကလည်း သူ့မိဘတွေက စီးပွါးရေးနယ်ပယ်မှာ နေရာမရှိလို့၊ နိုင်ငံရေးမှာ အသံထွက်နိုင်လောက်တဲ့ အင်အားမရှိလို့ဖြစ်တယ်။

But you and I have both.

ဒါပေမယ့် ခင်ဗျားနဲ့ကျွန်တော်က စီးပွါးရေးမှာရော နိုင်ငံရေးမှာပါ အင်အားရှိတယ်။

We can make market forces work better for the poor if we can develop a more creative capitalism – if we can stretch the reach of market forces so that more people can make a profit, or at least make a living, serving people who are suffering from the worst inequities. We also can press governments around the world to spend taxpayer money in ways that better reflect the values of the people who pay the taxes.

ကျွန်တော်တို့က ဒီထက်ကောင်းတဲ့ဈေးကွက်နဲ့ ဆင်းရဲသားတွေအတွက် အလုပ်လုပ်နိုင်တယ်။ တကယ်လို့ ကျွန်တော်တို့က အရင်းရှင်စနစ်ကို ဒီထက်ပိုထီထွင်ဖန်ဆင်းနိုင်ခဲ့ရင် - ရောင်းဝယ်ဖောက်ကားမှုကို ကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့ရင်၊ လူအများကို အကျိုးအမြတ်ရစေခဲ့ရင် ဒါမှမဟုတ် အနည်းဆုံးတော့ စားဝတ်နေရေးဖူလုံစေခဲ့ရင် ဒါဟာဆိုးဝါးတဲ့မညီမျှခြင်းကြားမှာ ရှင်သန်နေသူတွေကို ကူညီရာရောက်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က ကမ္ဘာပေါ်ကအစိုးရတွေကို သူတို့ကောက်ခံထားတဲ့ အခွန်ငွေတွေကို အခွန်ဆောင်ထားတဲ့သူတွေ ပိုအကျိုးရှိစေတဲ့နေရာမှာ အသုံးပြုဖို့ ဖိအားပေးတောင်းဆိုနိုင်တယ်။

If we can find approaches that meet the needs of the poor in ways that generate profits for business and votes for politicians, we will have found a sustainable way to reduce inequity in the world. This task is open-ended. It can never be finished. But a conscious effort to answer this challenge will change the world.

တကယ်လို့ ဒီလိုနည်းကို ကျွန်တော်တို့ရှာနိုင်ခဲ့ရင် ဆင်းရဲသားတွေကို ကူညီနိုင်တဲ့အပြင် စီးပွါးရေးသမားတွေကိုလည်း အကျိုးအမြတ်ရစေနိုင်တယ်။ နိုင်ငံရေးသမားတွေအတွက် မဲဆန္ဒတွေရစေနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော်တို့က ကမ္ဘာပေါ်မှာရှိတဲ့ မညီမျှမှုတွေကို ဆက်လက်လျော့ချနိုင်တဲ့ လမ်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိသွားမယ်။ ဒီလိုလုပ်ငန်းစဉ်က အဆုံးရှိနိုင်မှာ မဟုတ်ဘူး။ အရာအားလုံးကို ပြီးပြည့်စုံနိုင်မှာ မဟုတ်ပေမယ့် ပြည့်ဝတဲ့သိစိတ်နဲ့ ဒီပြဿနာတွေကို ကြိုးပမ်းဖြေရှင်းခဲ့ရင် ကမ္ဘာကြီးကိုပါ ပြောင်းလဲစေနိုင်ပါလိမ့်မယ်။

I am optimistic that we can do this, but I talk to skeptics who claim there is no hope. They say: "Inequity has been with us since the beginning, and will be with us till the end – because people just … don’t … care." I completely disagree.

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က အကောင်းမြင်သူဖြစ်တယ်။ ဒါပေမယ့် မျှော်လင့်ချက်မဲ့ပြီး သံသယ မကင်းသူတွေနဲ့လည်း ကျွန်တော်ဆုံခဲ့ဖူးတယ်။ "မညီမျှခြင်းက လူသားရယ်လို့ဖြစ်လာတဲ့ ကမ္ဘာဦးနေ့ကတည်းက ရှိခဲ့တယ်။ လူသားတွေသေဆုံးတဲ့ ကမ္ဘာ့နောက်ဆုံးရက်အထိ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေက ဒီကိစ္စကို နည်းနည်းမှ ဂရုမစိုက်ခဲ့လို့ဖြစ်တယ်"လို့ သူတို့ပြောတယ်။ ဒီလိုအမြင်ကို ကျွန်တော်လုံးဝ သဘောမတူနိုင်ဘူး။

I believe we have more caring than we know what to do with.

ကျွန်တော်တို့ ဂရုမစိုက်တာမဟုတ်ဘဲ ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့မသိလို့ဆိုတာကို ကျွန်တော်ယုံကြည်တယ်။

All of us here in this Yard, at one time or another, have seen human tragedies that broke our hearts, and yet we did nothing – not because we didn’t care, but because we didn’t know what to do. If we had known how to help, we would have acted.

အခု ဒီကျောင်းဝင်းထဲမှာ ရှိနေသူတွေအားလုံးလည်း တစ်ချိန်ချိန်မှာ လူသားတွေရဲ့အဖြစ်ဆိုးတွေကိုကြည့်ပြီး ပူဆွေးဝမ်းနည်းကြမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့က ဘာမှမလုပ်ခဲ့ဘူး။ ဒါဟာ ကျွန်တော်တို့ ဂရုမစိုက်လို့မဟုတ်ဘူး။ ကျွန်တော်တို့ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိလို့ဖြစ်တယ်။ တကယ်လို့ ဘယ်လိုလုပ်မှ အကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့သိခဲ့ရင် ကျွန်တော်တို့ဆောင်ရွက်ကြမှာပဲ။

The barrier to change is not too little caring; it is too much complexity.

ကမ္ဘာကြီးကိုပြောင်းလဲဖို့ တားဆီးထားတဲ့ အတားအဆီးတံတိုင်းက လူတွေရဲ့လျစ်လျူရှူမှု မဟုတ်ဘူး။ ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းလို့ဖြစ်တယ်။

To turn caring into action, we need to see a problem, see a solution, and see the impact. But complexity blocks all three steps.

ဂရုစိုက်မှုတွေက လုပ်ဆောင်မှုအသွင်ပြောင်းအောင် ပြဿနာကိစ္စရပ်ကို ကျွန်တော်တို့ အရင်ရှာဖွေမယ်၊ ဖြေရှင်းဖို့ နည်းလမ်းတွေရှာမယ်၊ နောက်ကျိုးဆက်တွေကို ခန့်မှန်းမယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ရှုပ်ထွေးမှုကြောင့် ဒီလိုအဆင့်တွေ လုပ်နိုင်ဖို့တောင် ကျွန်တော်တို့ခက်ခဲခဲ့တယ်။

Even with the advent of the Internet and 24-hour news, it is still a complex enterprise to get people to truly see the problems. When an airplane crashes, officials immediately call a press conference. They promise to investigate, determine the cause, and prevent similar crashes in the future.

အင်တာနက်နဲ့ (၂၄)နာရီလုံး တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းဌာနတွေရှိပေမယ့် ပြဿနာရင်းမြစ်ကို လူတွေ အမှန်တကယ်သတိထားနိုင်အောင် လုပ်နိုင်ဖို့ခဲယဉ်းခဲ့တယ်။ လေယာဉ်တစ်စင်း ပျက်ကျတဲ့အချိန် အကြီးအကဲတွေက ချက်ချင်းဆွေးနွေးပွဲတစ်ရပ် ကျင်းပတယ်။ လေယာဉ်ပျက်ကျတာကို သူတို့စစ်ဆေးမယ်၊ အကြောင်းရင်း စိစစ်မယ်၊ နောက်နောင်မဖြစ်ပွါးအောင် တားဆီးမယ်လို့ ဂတိပေးကြတယ်။

But if the officials were brutally honest, they would say: "Of all the people in the world who died today from preventable causes, one half of one percent of them were on this plane. We’re determined to do everything possible to solve the problem that took the lives of the one half of one percent."

တကယ်လို့ အဲဒီအကြီးအကဲတွေက အမှန်ပြောရဲတယ်ဆိုရင် သူတို့က "ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ ကာကွယ်တားဆီးလို့ရတဲ့ သေဆုံးမှုတွေထဲမှာ (ဝ.၅%)က လေယာဉ်ပျက်ကျတဲ့ထဲ ပါသွားခဲ့တယ်။ ဒီ(ဝ.၅%)သေဆုံးရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ကြိုးပမ်းပြီး ဖော်ထုတ်ပါမယ်" လို့ ပြောပါလိမ့်မယ်။

The bigger problem is not the plane crash, but the millions of preventable deaths.

ဒါပေမယ့် ပိုအရေးကြီးတဲ့အချက်က လေယာဉ်ပျက်ကျတဲ့ ပြဿနာမဟုတ်ဘဲ သန်းပေါင်းများစွာ သေကြေပျက်စီးမှာကို ကာကွယ်တားဆီးလို့ရတဲ့ အချက်ပဲဖြစ်တယ်။

We don’t read much about these deaths. The media covers what’s new – and millions of people dying is nothing new. So it stays in the background, where it’s easier to ignore. But even when we do see it or read about it, it’s difficult to keep our eyes on the problem. It’s hard to look at suffering if the situation is so complex that we don’t know how to help. And so we look away.

ဘာကြောင့် သေဆုံးကြရတယ်ဆိုတာကိုသိဖို့ ကျွန်တော်တို့မှာ အခွင့်အရေးနည်းခဲ့တယ်။ သတင်းဌာနတွေက သတင်းကြေညာတယ်။ သန်းပေါင်းများစွာ သေဆုံးကြရမဲ့အဖြစ်က သတင်းမဟုတ်ပါဘူး။ တကယ်လို့ သတင်းဌာနတွေက မကြေညာခဲ့ရင် ဒီပြဿနာက အလွယ်တကူ လျစ်လျူရှူခံရတယ်။ နောက်ပြီး ကျွန်တော်တို့က ဒီပြဿနာကို မျက်မြင်ကိုယ်တွေ့ကြုံတယ် ဒါမှမဟုတ် သတင်းတွေကို ဖတ်ရူမိကြတဲ့အခါ ဆက်ကြည့်နိုင်စွမ်း မရှိခဲ့ကြဘူး။ တစ်ခြားလူ ဆင်းရဲဒုက္ခရောက်နေတာကို မကြည့်ရက်ခဲ့ကြဘူး။ နောက်ပြီး ပြဿနာရှုပ်ထွေးလွန်းတာကြောင့် သူတို့ကိုဘယ်လို ကူညီရမယ်ဆိုတာကို ကျွန်တော်တို့လုံးဝ မသိခဲ့ဘူး။ ဒါနဲ့ပဲ ကျွန်တော်တို့ မျက်နှာလွှဲလိုက်ကြတယ်။

If we can really see a problem, which is the first step, we come to the second step: cutting through the complexity to find a solution.

ပြဿနာအရင်းအမြစ်ကို ကျွန်တော်တို့တကယ်သိခဲ့ရင် ပထမခြေလှမ်းစမယ်၊ နောက်ဒုတိယခြေလှမ်း ဆက်မယ်။ ဒီလိုနဲ့ ရှုပ်ထွေးတဲ့ ပြဿနာကြားက ဖြေရှင်းနိုင်တဲ့နည်းကို ရှာဖွေကြမယ်။

Finding solutions is essential if we want to make the most of our caring. If we have clear and proven answers anytime an organization or individual asks "How can I help?," then we can get action – and we can make sure that none of the caring in the world is wasted. But complexity makes it hard to mark a path of action for everyone who cares — and that makes it hard for their caring to matter.

တကယ်လို့ ကျွန်တော်တို့ရဲ့ ဂရုစိုက်မှုတွေ အကောင်အထည်ပေါ်အောင် ကျွန်တော်တို့က ဖြေရှင်းနိုင်တဲ့နည်းကို မရမကရှာဖွေရမယ်။ တကယ်လို့ ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားပြီး သက်သေပြနိုင်တဲ့ အဖြေတစ်ခုရှိခဲ့ရင် တခြားအဖွဲ့အစည်းကဖြစ်ဖြစ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ် သံသယအမေးနဲ့ ကျွန်တော်တို့ကို "ဘယ်လို အကူအညီပေးရမလဲ?"လို့မေးတဲ့အခါ ကျွန်တော်တို့လုပ်ငန်းစလို့ ရပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့ဂရုစိုက်မှုတွေ အလာဟသမဖြစ်စေဘူးလို့ ကျွန်တော်တို့ အာမခံလို့ရပြီ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ရှုပ်ထွေးခြင်းက မေတ္တာ၊ ကရုဏာရှိသူတိုင်း အကျိုးရှိရှိလုပ်ဆောင်နိုင်ဖို့ကို ခဲယဉ်းစေခဲ့တယ်။ ဒါကြောင့် လူသားတွေရဲ့ ဂရုစိုက်မှုတွေ တစ်ခြားလူအပေါ် ထိရောက်ဖို့ဆိုတာ ခက်ခဲခဲ့တယ်။

Cutting through complexity to find a solution runs through four predictable stages: determine a goal, find the highest-leverage approach, discover the ideal technology for that approach, and in the meantime, make the smartest application of the technology that you already have — whether it’s something sophisticated, like a drug, or something simpler, like a bednet.

ရှုပ်ထွေးမှုကြားထဲက ဖြေရှင်းနည်းရှာတွေ့ဖို့ အဆင့်လေးဆင့်ကို ဖြတ်သန်းရပါတယ်။ တိကျတဲ့ပန်းတိုင်နဲ့ အကျိုးအရှိဆုံးလုပ်ဆောင်ချက်ကို ရှာမယ်၊ အဲဒီလုပ်ဆောင်ချက်နဲ့ ကိုက်ညီမယ့် နည်းပညာတွေကို ထီထွင်မယ်၊ တစ်ဆက်တည်းမှာပဲ အခုလက်ရှိနည်းပညာတွေကို ဥာဏ်နဲ့ယှဉ်သုံးမယ်။ အဲဒီလက်ရှိနည်းပညာတွေက ရှုပ်ထွေးဆန်းပြားတဲ့ဆေးဝါးတွေ ဖြစ်နိုင်သလို အရိုးရှင်းဆုံးက ခြင်ထောင်လည်းဖြစ်နိုင်ပါတယ်။

The AIDS epidemic offers an example. The broad goal, of course, is to end the disease. The highest-leverage approach is prevention. The ideal technology would be a vaccine that gives lifetime immunity with a single dose. So governments, drug companies, and foundations fund vaccine research. But their work is likely to take more than a decade, so in the meantime, we have to work with what we have in hand – and the best prevention approach we have now is getting people to avoid risky behavior.

အေအိုင်ဒီအက်စ် ကူးစက်ရောဂါက ဥပမာတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်က ဒီရောဂါဆိုးကို လုံးဝပပျောက်အောင် တိုက်ဖျက်ဖို့ဖြစ်တယ်။ အကျိုးအရှိဆုံး လုပ်ဆောင်ချက်က ကာကွယ်တာဖြစ်တယ်။ အကောင်းဆုံးနည်းပညာက တစ်ကြိမ်ထိုးရုံနဲ့ တစ်သက်ထိုးစရာ မလိုတော့တဲ့ ဆေးမျိုးထီထွင်ရမယ်။ ဒါကြောင့် အစိုးရ၊ ဆေးကုမ္ပဏီ၊ ရံပုံငွေအဖွဲ့အစည်းတွေက ဆေးရှာဖွေရေး သုတေသနကို ကူညီထောက်ပံ့သင့်တယ်။ ဒါပေမယ့် ဒီလိုရှာဖွေရေးက ၁ဝနှစ်အတွင်းမှာတောင် ပြီးဆုံးနိုင်မှာမဟုတ်လို့ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့က လက်ရှိနည်းပညာတွေကိုပဲ အသုံးပြုကြရတယ်။ လက်ရှိအကောင်းဆုံး၊ အထိရောက်ဆုံး ကာကွယ်နိုင်တဲ့နည်းက အန္တရာယ်ကျရောက်စေနိုင်တဲ့ အပြုအမှုတွေကို လူသားတွေ ရှောင်ကြဉ်ဖို့ပဲဖြစ်တယ်။

Pursuing that goal starts the four-step cycle again. This is the pattern. The crucial thing is to never stop thinking and working – and never do what we did with malaria and tuberculosis in the 20th century – which is to surrender to complexity and quit.

ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်ဖို့ ဒီအဆင့်လေးဆင့်ကို လည်ပတ်သုံးရမယ်။ ဒါဟာ ပုံစံကွက်တစ်ခုပါ။ အဓိကအချက်က တွေးတောမှု၊ လုပ်ဆောင်မှုတွေ မရပ်နားဖို့ပါပဲ။ (၂ဝ)ရာစုနှစ်ကဖြစ်ပွါးခဲ့တဲ့ ငှက်ဖျားနဲ့ တီဘီရောဂါ အဖြစ်ဆိုးလိုမျိုး ကျွန်တော်တို့အမှားတွေ ထပ်မလုပ်သင့်တော့ဘူး။ အဲဒီတုန်းက ရှုပ်ထွေးမှုတွေကြောင့် ကျွန်တော်တို့ အရှုံးပေး စွန့်လွှတ်ခဲ့ရတယ်။

The final step – after seeing the problem and finding an approach – is to measure the impact of your work and share your successes and failures so that others learn from your efforts.

ပြဿနာရင်းမြစ်နဲ့ ဖြေရှင်းနည်းကို ရှာဖွေသိရှိပြီးတဲ့နောက် နောက်ဆုံးအဆင့်က အလုပ်အခြေအနေ ထိရောက်မှုရှိမရှိကို ခန့်မှန်းတာဖြစ်တယ်။ ကိုယ်တွေ့ကြုံရတဲ့ အောင်မြင်မှု၊ ကျရှုံးမှု အတွေ့အကြုံတွေကို ပြောဆိုဝေငှပေးခြင်းအားဖြင့် တစ်ခြားလူတွေလည်း ကိုယ့်ကြိုးစားအားထုတ်မှုထဲကနေ သင်ခန်းစာ ရယူနိုင်ပါတယ်။

You have to have the statistics, of course. You have to be able to show that a program is vaccinating millions more children. You have to be able to show a decline in the number of children dying from these diseases. This is essential not just to improve the program, but also to help draw more investment from business and government.

တကယ်လည်း သင့်ဆီမှာ စာရင်းဇယားတွေ ရှိဖို့လိုအပ်ပါတယ်။ သင့်လုပ်ရပ်တွေက ကလေးငယ် သန်းပေါင်းများစွာကို ကာကွယ်ဆေးတွေ ထိုးနိုင်ခဲ့ကြောင်း တစ်ခြားလူကို ပြသနိုင်ရမယ်။ သေဆုံးတဲ့ ကလေးအရေအတွက် ကျဆင်းသွားကြောင်းလည်း တစ်ခြားသူတွေ သိသင့်စေပါတယ်။ ဒါဟာ အဓိကသော့ချက်ဖြစ်တယ်။ ဒါတွေဟာ လုပ်ငန်းတိုးတက်ပြောင်းလဲဖို့သာမက စီးပွါးရေးနယ်ပယ်နဲ့ အစိုးရဆီကနေ ကူညီထောက်ပံ့မှုတွေ ပိုရစေနိုင်ပါတယ်။

But if you want to inspire people to participate, you have to show more than numbers; you have to convey the human impact of the work – so people can feel what saving a life means to the families affected.

ဒါပေမယ့် ဒါနဲ့တင်မလုံလောက်ဘဲ သင့်လုပ်ရပ်ထဲ လူတွေပါဝင်နိုင်အောင် သင်ဆွဲဆောင်ချင်ခဲ့ရင် ဒီထက်များတဲ့ ကိန်းဂဏန်းတွေကို သင်ပြသနိုင်ရမယ်။ လူတွေကို အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ရပ်ကို ပြနိုင်ရမယ်။ ဒါမှ လူတွေက အသက်တစ်ချောင်း ကယ်တင်ခံရတာဟာ ဒုက္ခဆင်းရဲကြားက မိသားစုအတွက် ဘယ်လောက် အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိရှိခံစားနိုင်မှာဖြစ်တယ်။

I remember going to Davos some years back and sitting on a global health panel that was discussing ways to save millions of lives. Millions! Think of the thrill of saving just one person’s life – then multiply that by millions. … Yet this was the most boring panel I’ve ever been on – ever. So boring even I couldn’t bear it.

လွန်ခဲ့တဲ့နှစ်က ဆွတ်စလန် Davosမှာလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အစည်းအဝေးတစ်ခုကို ကျွန်တော်တက်ရောက်ခဲ့တယ်။ အစည်းအဝေးက သန်းပေါင်းများစွာသောအသက်ကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်။ သန်းပေါင်းများစွာတဲ့! စဉ်းစားကြည့်ပါ။ လူ့အသက်တစ်ချောင်းကို ကယ်တင်ရုံနဲ့ လူကို စိတ်လှုပ်ရှား ဝမ်းသာစေခဲ့ပြီ။ အခုတော့ အဲဒီစိတ်လှုပ်ရှားမှုတွေကို အဆသန်းပေါင်းနဲ့ မြှောက်ရမှာဖြစ်တယ်။ ဒါပေမယ့် ကံမကောင်းတာက ဒီအစည်းအဝေးဟာ ကျွန်တော်တက်ရောက်ခဲ့ဖူးတဲ့ အစည်းအဝေးတွေထဲက ပျင်းစရာအကောင်းဆုံး အစည်းအဝေးဖြစ်ခဲ့တယ်။ ကျွန်တော်ဆက်ပြီး သည်းခံနားထောင်နိုင်စွမ်း မရှိအောင် ပျင်းစရာကောင်းခဲ့တယ်။

What made that experience especially striking was that I had just come from an event where we were introducing version 13 of some piece of software, and we had people jumping and shouting with excitement. I love getting people excited about software – but why can’t we generate even more excitement for saving lives?

အဲဒီအတွေ့အကြုံကို ကျွန်တော်လွယ်လွယ်နဲ့ မေ့မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအစည်းအဝေး မတိုင်ခင်မှာပဲ ဆော့ဝဲလ်တစ်ခုရဲ့ version13ကို ကျွန်တော်တို့ ထုတ်လွှင့်ဖြန့်ချီနိုင်ခဲ့တယ်။ အဲဒီမှာ လူတွေဟာ စိတ်ဓာတ်တက်ကြွပြီး အော်ဟစ်ခုန်ပေါက်ခဲ့ကြတယ်။ ဆော့ဝဲလ်တစ်ခုကြောင့် လူတွေတက်ကြွပြီး ဝမ်းသာပီတိဖြစ်တာကို ကျွန်တော်သဘောကျတယ်။ ဒါပေမယ့် ကျွန်တော်တို့က လူ့အသက်တွေကယ်တင်ပြီး ဘာကြောင့် လူတွေပိုလှုပ်ရှားတက်ကြွလာအောင် မလုပ်ဆောင်ခဲ့တာလဲ?

You can’t get people excited unless you can help them see and feel the impact. And how you do that – is a complex question.

လူတွေ မျက်ဝါးထင်ထင်မြင်အောင် ဒါမှမဟုတ် ခံစားမိအောင် မလုပ်ဆောင်နိုင်သရွေ့ လူတွေ လှုပ်ရှားတက်ကြွအောင် သင်လုပ်နိုင်မှာ မဟုတ်ဘူး။ လုပ်နိုင်အောင် ဘယ်လိုလုပ်ရလဲ - ဒါဟာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ခဲ့ဘူး။

Still, I’m optimistic. Yes, inequity has been with us forever, but the new tools we have to cut through complexity have not been with us forever. They are new – they can help us make the most of our caring – and that’s why the future can be different from the past.

အထက်ကအတိုင်းပဲ ဒီပြဿနာမှာ ကျွန်တော်ကအကောင်းမြင်သူဖြစ်တယ်။ လူ့သားတွေရဲ့ မညီမျှခြင်းက ကမ္ဘာဦးတစ်လျှောက် ရှိနေခဲ့တယ်ဆိုတာ မမှားပါဘူး။ ဒါပေမယ့် ရှုပ်ထွေးတာကို လွယ်ကူအောင်လုပ်နိုင်တဲ့ နည်းကိရိယာသစ်တွေက အခုမှပေါ်လာတာပါ။ ဒီနည်းကိရိယာသစ်တွေက လူသားတွေရဲ့ စာနာစိတ်ကို ပိုထိရောက်၊ ပိုအကျိုးရှိအောင် ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်။ ဒါတွေက အနာဂတ်ကို အတိတ်နဲ့ မတူစေတာပါပဲ။

The defining and ongoing innovations of this age – biotechnology, the computer, the Internet – give us a chance we’ve never had before to end extreme poverty and end death from preventable disease.

ဒီခေတ် ဒီကာလမှာ မပြတ်ပြောင်းလဲဆန်းသစ်နေတဲ့ - ဇီဝနည်းပညာ၊ ကွန်ပြူတာနဲ့ အင်တာနက်တွေက ဆိုးဝါးတဲ့ဆင်းရဲမွဲတေမှုနဲ့ ကုသနိုင်တဲ့ရောဂါကြောင့် သေဆုံးရမဲ့အဖြစ်ကို တစ်စခန်းရပ်ဖို့ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အခွင့်အရေးတွေ ကျွန်တော်တို့ကို ပေးနေခဲ့တယ်။

Sixty years ago, George Marshall came to this commencement and announced a plan to assist the nations of post-war Europe. He said: "I think one difficulty is that the problem is one of such enormous complexity that the very mass of facts presented to the public by press and radio make it exceedingly difficult for the man in the street to reach a clear appraisement of the situation. It is virtually impossible at this distance to grasp at all the real significance of the situation."

လွန်ခဲ့တဲ့အနှစ်(၆ဝ)က George Marshallလည်း ဟားဗတ်ဘွဲ့နှင်းသဘင်ကို တက်ရောက်ခဲ့ပြီး စစ်ပြီးစ ဥရောပနိုင်ငံတွေကို ထောက်ပံ့ကူညီဖို့ ကြေညာခဲ့တယ်။ သူက "ခက်ခဲတဲ့အချက်က ဒီပြဿနာ ရှုပ်ထွေးလွန်းလို့လို့ ကျွန်တော်ထင်တယ်။ သတင်းစာနဲ့ သတင်းဌာနတွေက လူထုတွေကို အဖြစ်မှန်တွေ မပြတ်တင်ပြကြတယ်။ ဒီအတွက် သာမန်ပြည်သူလူထုတွေက လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းသိဖို့ ခက်ခဲခဲ့တယ်။ တကယ်တမ်းလည်း အကြိမ်ကြိမ်ကြေညာပြီးသား လက်ရှိအခြေအနေရဲ့ အဖြစ်မှန်ကို သုံးသပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူး"

Thirty years after Marshall made his address, as my class graduated without me, technology was emerging that would make the world smaller, more open, more visible, less distant.

Marshall ဒီလိုဟောပြောပြီး နှစ်ပေါင်း(၃ဝ)အကြာမှာ ကျွန်တော်တို့နှစ်က ကျောင်းသားတွေ ကျောင်းပြီးခဲ့တယ်။ အဲဒီထဲမှာ ကျွန်တော် မပါပါဘူး။ အဲဒီအချိန်က နည်းပညာသစ်တွေ အညွန့်တလူလူ ထွက်ပေါ်လာတဲ့အချိန်ဖြစ်ပြီး အဲဒီနည်းပညာသစ်တွေက ကမ္ဘာကြီးကို ပိုသေးငယ်အောင်၊ ပိုလွတ်လပ်အောင်၊ ပိုမြင်လွယ်စေအောင်၊ ပိုနီးကပ်အောင် စွမ်းဆောင်ခဲ့တယ်။

The emergence of low-cost personal computers gave rise to a powerful network that has transformed opportunities for learning and communicating.

ဈေးနှုန်းချိုသာတဲ့ ကိုယ်ပိုင်ကွန်ပြူတာတွေ ပေါ်ထွက်လာခြင်းက အင်အားကောင်းတဲ့ ဆက်သွယ်ရေးစနစ်ကို ဖြစ်ပေါ်လာစေတယ်။ အဲဒီဆက်သွယ်ရေးစနစ်က သင်ကြားရေးနဲ့ အချင်းချင်းဆက်သွယ်ရေးမှာ ကြီးမားတဲ့အခွင့်အရေးတွေကို ပေးခဲ့တယ်။

The magical thing about this network is not just that it collapses distance and makes everyone your neighbor. It also dramatically increases the number of brilliant minds we can have working together on the same problem – and that scales up the rate of innovation to a staggering degree.

အင်တာနက်ရဲ့ထူးဆန်းမှုက အကွာအဝေးကိုချုံ့ပြီး လူတိုင်းနဲ့သင် အိမ်နီးချင်းဖြစ်စေရုံမက အတွေးအခေါ်တူသူတွေကို တိုးပွါးစေပြီး တစုတစည်းနဲ့ ပြဿနာတစ်ခုကို အတူတကွ ဆွေးနွေးတိုင်ပင်ဖို့၊ လုပ်ဆောင်ဖို့ အခွင့်အရေးတွေပေးခဲ့တယ်။ ဒါဟာ ထီထွင်ဆန်းသစ်ဖို့ကို ပိုမြန်ဆန်စေသလို တိုးတက်မှုနှုန်းဟာလဲ အံ့သြစရာကောင်းအောင် လျှင်မြန်ခဲ့တယ်။

At the same time, for every person in the world who has access to this technology, five people don’t. That means many creative minds are left out of this discussion -- smart people with practical intelligence and relevant experience who don’t have the technology to hone their talents or contribute their ideas to the world.

တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်မှာ အင်တာနက်သုံးနိုင်သူရဲ့နှုန်းဟာ ကမ္ဘာ့လူဦးရေရဲ့ ခြောက်ပုံတစ်ပုံသာ ရှိခဲ့တယ်။ ဒါဟာ ထီထွင်ဆန်းသစ်ဥာဏ်ရှိသူတွေ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲထဲမှာ မပါဝင်နိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ တကယ်လုပ်ဆောင်နိုင်စွမ်းရှိသူတွေ၊ အတွေ့အကြုံရှိတဲ့ ထက်မြက်သူတွေက နည်းပညာအခက်အခဲကြောင့် သူတိုရဲ့စွမ်းရည်နဲ့ စဉ်းစားတွေးခေါ်မှုတွေကို ကမ္ဘာကြီးနဲ့ မမျှဝေနိုင်ခဲ့ဘူး။

We need as many people as possible to have access to this technology, because these advances are triggering a revolution in what human beings can do for one another. They are making it possible not just for national governments, but for universities, corporations, smaller organizations, and even individuals to see problems, see approaches, and measure the impact of their efforts to address the hunger, poverty, and desperation George Marshall spoke of 60 years ago.

လူဦးရေတွေ ဒီထက်မက နည်းပညာသစ်တွေကို အသုံးပြုလာနိုင်အောင် ကျွန်တော်တို့ စွမ်းဆောင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းပညာသစ်တွေက ပြောင်းလဲတိုးတက်မှုတစ်ခုကို အရောက်တွန်းပို့ပေးပြီး လူသားအချင်းချင်းကူညီဖို့ လှုံ့ဆော်နိုင်ခဲ့လို့ဖြစ်တယ်။ နိုင်ငံအစိုးရကိုသာမက တက္ကသိုလ်၊ ကုမ္ပဏီ၊ သေးငယ်တဲ့ အဖွဲ့အစည်း၊ လူတစ်ဦးတစ်ယောက်အထိ ပြဿနာရဲ့ရင်းမြစ်ကို သိရှိနိုင်ဖို့၊ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ရှာဖွေနိုင်ဖို့၊ သူတို့ရဲ့ကြိုးပမ်းမှုကို ခန့်မှန်းနိုင်ဖို့ထိ နည်းပညာသစ်က ဖြစ်နိုင်ချေရှိအောင် ဖန်တီးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၆ဝ)က George Marshall ပြောခဲ့ဖူးတဲ့ ဆာလောင်ငတ်မွတ်ခြင်း၊ ဆင်းရဲမွဲတေခြင်းနဲ့ မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေကို ပြောင်းလဲဖို့ဖြစ်တယ်။

Members of the Harvard Family: Here in the Yard is one of the great collections of intellectual talent in the world.

ဟားဗတ်က လူဦးရေများတဲ့ မိသားစုဝင်တစ်စုပါ။ အခု ဒီကျောင်းဝင်းထဲမှာ ရှိနေသူတွေအားလုံးဟာ ကမ္ဘာ့အသိဥာဏ် အရှိဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။

What for?

ကျွန်တော်တို့ ဘာတွေလုပ်ဆောင်နိုင်မလဲ?

There is no question that the faculty, the alumni, the students, and the benefactors of Harvard have used their power to improve the lives of people here and around the world. But can we do more? Can Harvard dedicate its intellect to improving the lives of people who will never even hear its name?

ဟားဗတ်က ဆရာ ဆရာမတွေ၊ ကျောင်းသားဟောင်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ အလှူရှင်တွေက သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေကို ပြောင်းလဲတိုးတက်စေခဲ့တယ်ဆိုတာကို မေးခွန်းထုတ်နေစရာတောင် မလိုခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီး ဘာဆက်လုပ်နိုင်သေးလဲ? ဟားဗတ်ကလူတွေဟာ သူတို့ရဲ့အသိဥာဏ်ကို အသုံးပြုပြီး "ဟားဗတ်"ဆိုတဲ့နာမည်ကိုတောင် မကြားဖူးခဲ့တဲ့သူတွေကိုကူညီဖို့ ရည်စူးနိုင်ပါ့မလား?

Let me make a request of the deans and the professors – the intellectual leaders here at Harvard: As you hire new faculty, award tenure, review curriculum, and determine degree requirements, please ask yourselves:

ပရော်ဖက်ဆာ၊ ပါမောက္ခတွေဆီက ကျွန်တော်တစ်ခု တောင်းဆိုပါရစေ - ခင်ဗျားတို့က ဟားဗတ်ရဲ့ အသိဥာဏ်ရှိတဲ့ ဦးဆောင်သူတွေဖြစ်တယ်။ ခင်ဗျားတို့ ဆရာအသစ်ခန့်ချိန်၊ ရာထူးချီးမြှင့်ခံရချိန်၊ သင်ရိုးညွန်းတန်းတွေ ပြန်လည်သုံးသပ်ချိန်နဲ့ ဘွဲ့တစ်ခုအတွက် လိုအပ်တဲ့အရည်အချင်း ဆုံးဖြတ်ချိန်မှာ ကိုယ့်ကိုယ်ကို အောက်ကမေးခွန်းတွေ မေးမြန်းကြပါ။

Should our best minds be dedicated to solving our biggest problems?

ငါတို့ရဲ့ အထူးချွန်ဆုံးလူတွေက ငါတို့ရဲ့အကြီးမားဆုံးသော ပြဿနာတွေကိုဖြေရှင်းဖို့ စတေးနိုင်ပါ့မလား?

Should Harvard encourage its faculty to take on the world’s worst inequities? Should Harvard students learn about the depth of global poverty … the prevalence of world hunger … the scarcity of clean water …the girls kept out of school … the children who die from diseases we can cure?

ဟားဗတ်က သူ့ရဲ့ဆရာ၊ ဆရာမတွေကို ကမ္ဘာပေါ်ကအဆိုးဝါးဆုံး မညီမျှ၊ မတရားမှုတွေကိုဖြေရှင်းဖို့ ကူညီအားပေးခဲ့သလား? ဟားဗတ်က ကျောင်းသားကျောင်းသူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အဆိုးဝါးဆုံး ဆင်းရဲခြင်းထဲကနေ ဘာတွေသင်ယူနိုင်ခဲ့သလဲ? ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု၊ သန့်ရှင်းရေ ရှားပါးမှု၊ ကျောင်းနေခွင့်မရတဲ့ မိန်းမငယ်လေးတွေ၊ ကုသလို့ရတဲ့ရောဂါနဲ့ သေကြေကြရတဲ့ ကလေးသူငယ်တွေ.... ဒီထဲကနေ ဟားဗတ်ကကျောင်းသားတွေ ဘာများသင်ယူနိုင်ခဲ့ပြီလဲ?

Should the world’s most privileged people learn about the lives of the world’s least privileged?

ကမ္ဘာပေါ်မှာ အခွင့်အရေးအရဆုံးသူတွေက ဆင်းရဲဒုက္ခကြားမှာ ရှင်သန်နေထိုင်ကြတဲ့ အခွင့်အရေးနည်းသူတွေထံ ဘာများသင်ယူနိုင်ခဲ့ပြီလဲ?

These are not rhetorical questions – you will answer with your policies.

ဒီမေးခွန်းတွေက စကားလုံးတွေနဲ့ဖြေရမဲ့ မေးခွန်းတွေမဟုတ်ဘူး။ သင်တို့ရဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေနဲ့ ဖြေရမဲ့မေးခွန်းဖြစ်တယ်။

My mother, who was filled with pride the day I was admitted here – never stopped pressing me to do more for others. A few days before my wedding, she hosted a bridal event, at which she read aloud a letter about marriage that she had written to Melinda. My mother was very ill with cancer at the time, but she saw one more opportunity to deliver her message, and at the close of the letter she said: "From those to whom much is given, much is expected."

ကျွန်တော့်အမေက ကျွန်တော်ဟားဗတ်ဝင်ခွင့်ရတဲ့နေ့မှာ အရမ်းဂုဏ်ယူခဲ့တယ်။ လူတွေကို ပိုပြီးကူညီနိုင်ဖို့ ကျွန်တော့်ကို မပြတ်တိုက်တွန်းခဲ့တယ်။ ကျွန်တော် မင်္ဂလာမဆောင်ခင်ရှေ့ရက်မှာ အမေက သတိုးသမီးကို ကျွန်တော်တို့အိမ်ဖိတ်ခေါ်ပြီး အိမ်ဝင်အခမ်းအနားတစ်ခု ကျင်းပခဲ့တယ်။ အဲဒီအခမ်းအနားမှာ အမေက Melind
a အတွက်ရေးထားတဲ့ အိမ်ထောင်မှုအကြောင်းကို အသံမြင့်နဲ့ ရွတ်ဆိုခဲ့တယ်။ အဲဒီအချိန်က ကျွန်တော့်အမေ ကင်ဆာရောဂါ အပြင်းအထန်ခံစားနေရတဲ့ အချိန်ဖြစ်တယ်။ ဒါပေမယ့် ဒါဟာ သူ့ယုံကြည်မှုကို မိန့်မြွက်တဲ့ အခွင့်အရေးလို့ သူထင်ခဲ့တယ်။ စာရဲ့နောက်ဆုံးမှာ သူဒီလိုရေးထားပါတယ်။ "ကူညီမှုတွေ အများအပြားလက်ခံရရှိသူတွေက ကူညီမှုတွေရဖို့ ပိုမျှော်လင့်ကြတယ်"

When you consider what those of us here in this Yard have been given – in talent, privilege, and opportunity – there is almost no limit to what the world has a right to expect from us.

ကျွန်တော်တို့ ဒီကျောင်းဝင်းထဲမှာ ရှိနေသူတွေ ဘာများပေးဆပ်ခဲ့ဖူးပြီလဲ စဉ်းစားကြည့်ပါ။ စွမ်းရည်၊ အခွင့်အရေး၊ အခွင့်အလမ်း - ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ပေးဆပ်မှုကို ကမ္ဘာပေါ်ကလူတွေမှာ အကန့်အသတ်မရှိ မျှော်လင့်နိုင်တဲ့ အာဏာတွေရှိခဲ့ကြတယ်။

In line with the promise of this age, I want to exhort each of the graduates here to take on an issue – a complex problem, a deep inequity, and become a specialist on it. If you make it the focus of your career, that would be phenomenal. But you don’t have to do that to make an impact. For a few hours every week, you can use the growing power of the Internet to get informed, find others with the same interests, see the barriers, and find ways to cut through them.

ဒီနေ့ခေတ်ရဲ့ မျှော်လင့်ချက်အတိုင်း ယနေ့ဘွဲ့ရကျောင်းသူကျောင်းသားတွေကိုလည်း ကျွန်တော်တစ်ခု တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ ပြဿနာတစ်ရပ်ကို ခင်ဗျားတို့ရွေးချယ်ရမယ်။ ခက်ခဲရှုပ်ထွေးတဲ့ပြဿနာ၊ လူသားတွေရဲ့ နက်ရှိုင်းတဲ့ မညီမျှမှုပြဿနာကို ရွေးချယ်ရမယ်။ ပြီးတော့ ခင်ဗျားတို့က ဒီပြဿနာရဲ့ အထူးပြုလေ့လာသူတွေ ဖြစ်ရမယ်။ တကယ်လို့ ဒီပြဿနာကို ခင်ဗျားတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်ထားနိုင်ခဲ့ရင် ခင်ဗျားတို့ဟာ လုံးဝထူးခြားသူတွေဖြစ်တယ်။ ဒါပေမယ့် အဲဒီအလုပ်အကိုင်ကြီးတွေကို ခင်ဗျားတို့ သွားလုပ်စရာမလိုဘူး။ အပတ်စဉ်တိုင်း နာရီအနည်းငယ် အသုံးပြုပြီး အင်တာနက်ကတစ်ဆင့် ခင်ဗျားတို့ သတင်းအချက်အလက် ရနိုင်တယ်၊ စိတ်တူသူငယ်ချင်းမိတ်ဆွေတွေ ရနိုင်တယ်၊ ပြဿနာအခက်အခဲကို သိနိုင်တယ်၊ ဖြေရှင်းနိုင်တဲ့နည်းတွေ ရှာဖွေနိုင်တယ်။

Don’t let complexity stop you. Be activists. Take on the big inequities. It will be one of the great experiences of your lives.

ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်ကို ကမ္ဘာ့ရှုပ်ထွေးမှုကြောင့် မရပ်တန့်စေပါနဲ့။ လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါစေ။ လူသားတွေရဲ့ မညီမျှမှုတွေကို ကိုယ့်တာဝန်တစ်ရပ်အနေနဲ့ ရင်ဆိုင်ဖြေရှင်းပါ။ ဒါဟာ ခင်ဗျားဘဝမှာ အရေးပါတဲ့ အတွေ့အကြုံတစ်ခုအဖြစ် ထင်ကျန်နေပါလိမ့်မယ်။

You graduates are coming of age in an amazing time. As you leave Harvard, you have technology that members of my class never had. You have awareness of global inequity, which we did not have. And with that awareness, you likely also have an informed conscience that will torment you if you abandon these people whose lives you could change with very little effort. You have more than we had; you must start sooner, and carry on longer.

ဒီနေ့မှာ ဘွဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေက ထူးဆန်းအံ့သြစရာကောင်းတဲ့ ခေတ်မှာ နေထိုင်ကြသူတွေဖြစ်တယ်။ ဟားဗတ်ကနေ ခင်ဗျားတို့ထွက်သွားတဲ့အချိန် ကျွန်တော်တို့နှစ်က ကျောင်းသားတွေမှာ မရှိခဲ့ဖူးတဲ့ နည်းပညာတွေကို ခင်ဗျားတို့ ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တုန်းက မသိခဲ့တဲ့ ကမ္ဘာကြီးရဲ့ မညီမျှ၊ မတရားမှုတွေကို ခင်ဗျားတို့သိနားလည်ခဲ့တယ်။ ဒီလိုနားလည်မှုတွေရှိပြီးနောက် ကူညီသင့်တဲ့လူတွေကို ခင်ဗျားတို့မကူညီခဲ့ဘဲ မျက်ကွယ်ပြုထားရင် ခင်ဗျားတို့ရဲ့သိစိတ်က ခင်ဗျားတို့ကို ညှင်းပန်းနှိပ်စက်လိမ့်မယ်။ နည်းနည်းလေး ကြိုးစားအားထုတ်ရုံနဲ့ သူတို့ရဲ့ဘဝကို ခင်ဗျားတို့ ပြောင်းလဲနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့မှာ ကျွန်တော်တို့ထက် ပြည့်ဝတဲ့အင်အားတွေရှိကြတယ်။ ခင်ဗျားတို့ အချိန်စောပြီး စရပါမယ်။ ရေရှည်လုပ်နိုင်အောင် ခင်ဗျားတို့ ကြံ့ကြံ့ခံရမယ်။

Knowing what you know, how could you not?

ခင်ဗျားတို့ သိထားတာတွေကို သိပြီးတဲ့နောက် ခင်ဗျားတို့ ဘာကြောင့် မလုပ်ဆောင်နိုင်ဦးမလဲ?

And I hope you will come back here to Harvard 30 years from now and reflect on what you have done with your talent and your energy. I hope you will judge yourselves not on your professional accomplishments alone, but also on how well you have addressed the world’s deepest inequities … on how well you treated people a world away who have nothing in common with you but their humanity.

နောင်အနှစ်(၃ဝ)မှာ ဟားဗတ်ကို ခင်ဗျားတို့ပြန်လာကြဦးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ခင်ဗျားတို့ရဲ့စွမ်းရည်၊ အင်အားနဲ့ လုပ်ခဲ့သမျှတွေကို ခင်ဗျားတို့ပြန်ပြောင်း အောင်းမေ့ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ရဲ့ ကိုယ့်ကိုယ်ကို ခန့်မှန်းဝေဖန်ချက်က ခင်ဗျားတို့ရဲ့ အောင်မြင်မှုတွေသာမက ဒီကမ္ဘာကြီးရဲ့အလွန်တရာ မညီမျှ၊ မတရားမှုတွေကိုပါ ပြောင်းလဲအောင် ကြိုးပမ်းအားထုတ်ခဲ့တာတွေလည်း ပါမယ်။ နောက်ပြီး လူသားချင်းသာတူပြီး အရာရာမှာ ခင်ဗျားတို့နဲ့လုံးဝကွဲပြားခြားနားတဲ့ ဟိုးအဝေးကလူတွေကို ခင်ဗျားတို့ ဘယ်လိုတတပ်တအား ဆောက်ရွက်ခဲ့တယ်ဆိုတာလည်း ပါလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။

Good luck.

အားလုံး ကံကောင်းပါစေ...

*****************

*** ဘာသာပြန်ရတော်တော် ခက်ပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင် အသေးစိတ်ဖတ်ကြည့်ချင်လို့ ကြိုးစားပြီး ဘာသာပြန်ပါတယ်။ ဘာသာပြန်နေဆဲ တစ်ဝက်တစ်ပျက်မှာ စာဖတ်သူတစ်ယောက်က ဒီစာကို တစ်ခြားလူ ဘာသာပြန်ဖူးကြောင်း လင့်နဲ့တကွ(http://moezattko.wordpress.com/)ကော်မန့်မှာ လာပြပါတယ်။ အောင်မြင်သူတစ်ယောက်ရဲ့ ဟောပြောချက်တွေကို လူတစ်ယောက်ထက်မနည်း ဘာသာပြန်ကြမယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဘာသာပြန်တဲ့ အကြောင်းအရာတူပေမယ့် အာဘော်နဲ့စကားလုံး အသုံးအနှုန်းတွေက ကွာသွားပါတယ်။ ကိုယ်တိုင်ဘာသာမပြန်ရင် မူရင်း(တရုတ်)စာကို အသေးစိတ်မဖတ်မိမှာစိုးလို့ သူပေးတဲ့လင့်ကို ဒီစာရေးပြီးမှ ကျွန်မဖတ်ကြည့်ပါတယ်။ ကျွန်မဘာသာပြန်တဲ့ထဲမှာ အမှားပါရင် ပြင်ဆင်ပေးကြပါ၊ ဖတ်ရတာ အဆင်မချောခဲ့ရင်လည်း ပြင်ဆင်ဖတ်ရှုပေးကြပါလို့.... ကျွန်မရဲ့အားနည်းချက်တွေအတွက် တောင်းပန်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

=======================================================================

ယခုအခါ Microsoft ၏ ဥက္ကဋ္ဌအဖြစ်မှ အငြိမ်းစား ယူသွားပြီဖြစ်သော ကမ္ဘာ့ထိပ်တန်း အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်ဖြစ်သူ Bill Gates ကို Harvard တက္ကသိုလ်မှ ၂၀၀၇ ခုနှစ် ဇွန်လတွင် ဂုဏ်ထူးဆောင် L.L.D. ဘွဲ့ချီးမြှင့် ခဲ့ပါသည်။

ထို ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bill Gates တက်ရောက်ဘွဲ့ယူရင်း မိန့်ခွန်းပြောကြားခဲ့ရာ၌ -
• သူ၏ Harvardတက္ကသိုလ်ကျောင်းသားဘဝ
Microsoft ကို စတင်ခဲ့ပုံ
• ကမ္ဘာပေါ်ရှိ ဆင်းရဲချမ်းသာကွာခြားမှုပြဿနာနှင့် ဘေးဒုက္ခဆိုးများ
• ထိုပြဿနာများကို အကူအညီပေးရာတွင် ကြုံတွေ့ရသောအခက်အခဲများ
• ထိုအခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်သော နည်းလမ်းများနှင့်
• Harvard ဘွဲ့ရများမှ ကမ္ဘာကြီးကို မည်ကဲ့သို့ကူညီပေးနိုင်မည် – တို့ကို စိတ်ဝင်စားဖွယ် ပြောကြားခဲ့ ပါသည်။

မိန့်ခွန်း၏ မူရင်းကို http://www.smh.com.au/news/technology/speech-at-harvard-by-bill-gat… ၌ ဖတ်ရှု နိုင်ပါသည်။

●●●●●

Microsoft ဥက္ကဋ္ဌ Bill Gates ဇွန်လ ရှစ်ရက်၂၀၀၇ နေ့ Harvard တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဂုဏ်ထူးဆောင် L.L.D. ဘွဲ့ကို လက်ခံရယူပြီး ပြောကြားခဲ့သော မိန့်ခွန်း

တက္ကသိုလ် အဓိပတိကြီး Bok ၊ အဓိပတိဟောင်း Rudenstine ၊ အဓိပတိသစ် Faust ၊ Harvard Corporation အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များ၊ သင်ကြားရေးအဖွဲ့ဝင်များ၊ မိဘများနှင့် အရေးအကြီးဆုံး ဖြစ်တဲ့ ဘွဲ့ရမောင်မယ်များ ခင်ဗျား -

ဒီစကားကိုပြောဖို့ ကျွန်တော် နှစ်ပေါင်းသုံးဆယ်ကျော် ကြာအောင် စောင့်ခဲ့ရတာပါ။

“အဖေ၊ အဖေ့ကို ကျွန်တော် အမြဲတန်း ပြောခဲ့တယ်၊ ကျွန်တော် Harvard ပြန်တက်ပြီး ဘွဲ့ရအောင်ယူပါ့မယ် လို့”

ခုလို အချိန်မှီ ဂုဏ်ပြုတဲ့အတွက်ကြောင့်လဲ Harvard တက္ကသိုလ်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ကျွန်တော်ရှေ့နှစ်မှာ အလုပ်ပြောင်းတော့မှာမို့ အလုပ်မပြောင်းခင် CV ပေါ်မှာ ဘွဲ့တစ်ခုတင်နိုင်တယ်ဆိုတော့ အတော်ဟန်ကျပန်ကျ ဖြစ်သွားပါတယ်။

ဘွဲ့ရမောင်မယ်များကိုလဲ ကျွန်တော့ထက်ပိုပြီး လိုရင်းတိုရှင်း ဖြစ်တဲ့နည်းနဲ့ ဘွဲ့ရအောင် ယူခဲ့တာကို ချီးကျူးပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ အမိတက္ကသိုလ်က “Harvard ရဲ့ အအောင်မြင်ဆုံး ကျောင်းမပြီးသူ” လို့ အခေါ်ခံရတာကိုဘဲ ဝမ်းမြောက်မိပါတယ်။ ဒီလိုအခေါ်ခံရတာကိုဘဲ တက္ကသိုလ်ရဲ့ အထူးစပယ်ရှယ် ဂုဏ်ထူးဆောင်ကျောင်းထွက်ဆု တစ်မျိုးလို့ ယူဆပါတယ် … တက္ကသိုလ်ကကျရှုံးခဲ့တဲ့ သူများထဲမှာတော့ ကျွန်တော်ဟာ အကောင်းဆုံးကျရှုံးသူဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်ဟာ Steve Ballmer ကို Harvard Business School ကနေ ကျောင်းတစ်ပိုင်းတစ်စနဲ့ ထွက်ရအောင်လုပ်ခဲ့သူ အဖြစ်လဲ အသိအမှတ်ပြု ခံချင်ပါသေးတယ်။ ကျွန်တော်ဟာ မပေါင်းသင်းထိုက်တဲ့ သူပါ။ ဒါကြောင့်မို့လို့လဲ ဒီဘွဲ့နှင်းသဘင်မှာ ကျွန်တော့ကိုစကားပြောဖို့ ဖိတ်ခဲ့တာပါ။ တကယ်လို့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာသာ ကျွန်တော်စကားပြောခဲ့ရင် ဒီဘွဲ့နှင်းသဘင်မှာ ဘွဲ့ယူသူ နဲသွားနိုငိပါတယ်။

Harvard ဟာ ကျွန်တော့အတွက်တော့ အင်မတန်ထူးခြားဆန်းကြယ်တဲ့ အတွေ့အကြုံ တစ်ခုပါဘဲ။ ပညာသင် ကျောင်းသားဘဝဟာ စွဲမက်စရာကောင်းပါတယ်။ တက္ကသိုလ်မှာ ကျွန်တော့ရဲ့ဘွဲ့နဲ့မဆိုင်တဲ့ အတန်းတွေ အများကြီးထဲမှာ ဝင်ထိုင်ခဲ့ပါတယ်။ ပြီးတော့ အဆောင်နေ ကျောင်းသားဘဝဟာလည်း အလွန်ပျော်စရာ ကောင်း ပါတယ်။ ကျွန်တော် Currier ဆောင်ရဲ့ Radcliffe အဆောင်ခွဲမှာ နေခဲ့ပါတယ်။ ကျွန်တော့ အခန်းမှာတော့ ညဉ့်နက်သန်းခေါင် စကားလာပြောတဲ့သူတွေနဲ့ အပြည့်ပါဘဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် မနက်စောစော ထတတ်တဲ့သူ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေလို့ပါ။ အဲဒီအတွက်ကြောင့်လဲ တက္ကသိုလ်က လူတောမတိုးတဲ့ သူတွေရဲ့အုပ်စုမှာ ကျွန်တော်ဟာ ခေါင်းဆောင်ကြီး ဖြစ်ခဲ့ပါတယ်။ လူချစ်လူခင် များသူတွေကို ကျွန်တော်တို့ အဖွဲ့က အပေါင်းအသင်းမလုပ်ဘဲ လူတောမတိုးတဲ့သူ အချင်းချင်းဘဲ အပေါင်းအသင်း လုပ်ခဲ့ ကြပါတယ်။

Radcliffe အဆောင်ကတော့ အလွန်နေလို့ကောင်းတဲ့ အဆောင်ပါ။ အဲဒီ အဆောင်မှာ အခြား အဆောင် တွေထက် အမျိုးသမီး ပိုများပြီး အဆောင်နေ အမျိုးသားတွေကလဲ သိပ္ပံနဲ့သချာင်္ကျောင်းသား မျိုးတွေပါ။ ဒီနှစ်ချက်ပေါင်းလိုက်တော့ ကျွန်တော့အတွက်တော့ အင်မတန်အခွင့်ကောင်းပေါ့။ သဘောပေါက်တယ်နော်။ ဒါပေမဲ့ အဲဒီကနေပြီးတော့ အခွင့်အလမ်းသာတိုင်းလဲ အောင်မြင်မှုမရနိုင် ဆိုတဲ့ ဝမ်းနည်းစရာ သင်ခန်းစာကို ရခဲ့ ပါတယ်။

ကျွန်တော့အတွက် Harvard တက္ကသိုလ် ကို အကြီးအကျယ် အမှတ်ရစရာတွေအများကြီးထဲက အမှတ်ရစရာအဖြစ်တစ်ခု ၁၉၇၅ ခု ဇန်နဝါရီလ မှာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် Currier ဆောင်ကနေပြီး Albuquerque က ကမ္ဘာ့ပထမဆုံး PC တွေကို စတင်ပြီး ထုတ်လုပ် နေပြီ ဖြစ်တဲ့ ကုမ္ပဏီတစ်ခု ကို ဖုန်းဆက်ခဲ့ တာပါ။ ကျွန်တော်သူတို့ကို Software ရောင်းဖို့ ကမ်းလှမ်းခဲ့ ပါတယ်။

ကျွန်တော်ဟာ အဲဒီအချိန်က အဆောင်မှာနေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုတာကို သူတို့တွေ ရိပ်မိပြီး ဖုန်းချသွားမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖုန်းချမဲ့အစား “ငါတို့တွေ အဆင်သင့် မဖြစ်သေးလို့ နောက်တစ်လကြာမှ လာတွေ့ပါ” လို့ပြောပါတယ်။ အဲဒီလို ပြောခဲ့တာလဲ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ Software ကလဲ မရေးရသေးလို့ပါ။ အဲဒီအချိန်ကစပြီး ကျွန်တော်လဲ ကျောင်းစာထတ် အမှတ်ပိုရမဲ့ အဲဒီ Project ကလေးကို နေ့ရောညပါ လုပ်ခဲ့ ပါတယ်။ ဒီ Project ကလေးကဘဲ ကျွန်တော့ရဲ့ တက္ကသိုလ်ပညာရေး ကိုအဆုံးသတ်ပေးပြီး ကျွန်တော်နဲ့ Microsoft ရဲ့ ပြောစမှတ်ဖြစ်စရာခရီးစဉ်ကို စတင်ပေးခဲ့ ပါတယ်။

Harvard အကြောင်း အမှတ်ရစရာတွေထဲမှာ အားလုံးထက်ပိုပြီး အမှတ်ရစရာကတော့ Harvard က ခွန်အားတွေနဲ့ ဥာဏ်ပညာတွေရဲ့ကြားထဲမှာ နေခဲ့ရခြင်းပါဘဲ။ ဒီအရာတွေဟာ ပျော်စရာကောင်းသလို ကြောက်စရာလဲကောင်းပါတယ်။ တခါတလေမှာ စိတ်ပျက်အားငယ်စရာ ဖြစ်ပေမဲ့ ဒီအရာတွေဟာ အမြဲတမ်း ကျွန်တော့ ကို စိမ်ခေါ်နေခဲ့ပါတယ် ။ ဒါတွေဟာ ကျွန်တော့အတွက် အင်မတန်ကောင်းတဲ့ အခွင့်အလမ်း များပါ။ ကျွန်တော် Harvard က စောစောထွက်ခဲ့ပေမဲ့ ကျောင်းမှာနေခဲ့ရတဲ့ နှစ်တွေ၊ ရခဲ့တဲ့သူငယ်ချင်းတွေနဲ့ စခဲ့တဲ့ အကြံဉာဏ် တွေဟာ ကျွန်တော့ ကိုပြောင်းလဲ စေခဲ့ ပါတယ်။

အဲဒီကာလကို အလေးအနက်ထားပြီး ပြန်ကြည့်တဲ့အခါမှာတော့ … ကျွန်တော် အကြီးအကျယ် နောင်တရတာ တစ်ခုရှိပါတယ်။

Harvard ကကျွန်တော်ထွက်ခဲ့စဉ်က ဒီကမ္ဘာပေါ်မှာ ကြောက်စရာကောင်း လောက်အောင် မတရားမှုတွေ ရှိနေတာကို အမှန် သတိ မထားခဲ့ မိပါဘူး။ ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု နဲ့ အခွင့်အလမ်း တွေမှာ စက်ဆုပ် ရွံ့ရှာဖွယ်ရာ ကွာဟချက်တွေ ကြောင့် သန်း ပေါင်း များစွာသော လူများရဲ့ ဘဝ ဟာ ဒုက္ခတွေနဲ့ ပြည့်နှက်လျှတ် ရှိနေ တာတွေ ကိုလဲ တကယ်ဘဲ သတိမထား ခဲ့မိပါဘူး။

အဲဒီတုန်း က ဒီနိုင်ငံမှာ သန်းပေါင်း များစွာ သော လူငယ် များဟာ သူတို့ရဲ့ ပညာရေး အခွင့်အလမ်း တွေကို မတရားအလိမ်ခံရပြီး ဆုံးရှုံး နေကြတာကို တစွန်းတစသာသိခဲ့ ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက သန်းပေါင်း များစွာသော လူသား တွေဟာ ဖော်မပြနိုင်လောက်တဲ့ ဆင်းရဲမှု၊ ရောဂါဘယ များနဲ့ အသက်ရှင် နေကြ တယ် ဆိုတာ ကျွန်တော် လုံးဝမသိခဲ့ပါ။

ဒါတွေကိုသိလာဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော် အချိန်ယူ ခဲ့ ရပါတယ်။

ယခု ဘွဲ့ရမောင်မယ် တို့ Harvard ကိုရောက်လာ တဲ့အခါ မှာတော့ အရင် အချိန်တွေကနဲ့မတူ တော့ပါဘူး။ မောင်မယ်တို့ဟာ ဟိုးအရင် အတန်းက လူတွေ ထက်စာရင် ဒီကမ္ဘာကြီး ရဲ့ မတရားမှုတွေကို ပိုပြီးသိကြ ပါတယ်။ ဒီမှာ ကျောင်းတက် နေရင်း ကလဲ အရှိန်အဟုန် နဲ့တိုးတက်နေတဲ့ နည်းပညာခေတ် ကြီးထဲမှာ ဒီ မတရားမှု တွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမယ်ဆိုတာ ကြံဆဖို့ အခွင့်အရေးလဲရခဲ့ကြမယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်။

ဒီမှာစကားအဖြစ်နဲ့ ဆွေးနွေးဖို့ တစ်ခုစဉ်းစားကြည့်ကြရအောင်။ ခင်ဗျားတို့မှာ တစ်ပါတ်ကို နာရီအနည်းငယ် နဲ့ တစ်လကို ဒေါ်လာအနည်းငယ် လှူဒါန်းစရာ ရှိတယ်ဆိုပါတော့။ ဒါတွေကိုလဲ တကဲ့ကို ထိထိရောက်ရောက် လူ့အသက်တွေကို ကယ်နိုင်တဲ့ လူ့ဘဝတွေ ကို မြှင့်တင်ပေးနိုင်တဲ့ နေရာတွေမှာ လှူချင်တယ်ဆိုပါစို့။ ဘွဲ့ရမောင်မယ်တို့ ဘယ်နေရာ မှာ လှူကြမလဲ။

ကျွန်တော်နဲ့ ကျွန်တော့ဇနီး Melinda တို့ကို စိမ်ခေါ်တာဟာလဲ ဒီအချက်ပါဘဲ။ ကျွန်တော်တို့မှာရှိတဲ့ အင်အားနဲ့ လူများနိုင်သမျှများများကို အကျိုးအရှိဆုံး ဖြစ်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲ။

ဒီမေးခွန်းကို ကျွန်တော်တို့နှစ်ယောက် ဆွေးနွေး ခဲ့ပါတယ်။ ဆွေးနွေး နေတုံး မှာဘဲ ကျွန်တော်တို့ ဆောင်းပါး တစ်ပုဒ် ဖတ်ခဲ့ရပါတယ်။ ဒီဆောင်းပါး မှာ ဆင်းရဲတဲ့ နိုင်ငံက ကလေး သန်းပေါင်းများ စွာ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကထဲ က ဒီနိုင်ငံမှာ အန္တရာယ် မပေးနိုင်တော့တဲ့ ရောဂါတွေ ကြောင့် နှစ်စဉ် သေဆုံး နေကြ ရကြောင်း ရေးထားပါတယ်။ ဒီရောဂါတွေက တော့ “ဝက်သက်၊ ငှက်ဖျား၊ အဆုပ်အအေးမိ၊ အသည်း ရောင် အသားဝါ B ပိုးနဲ့ Yellow Fever တွေပါ။ Rotavirus ဆိုတဲ့ ကျွန်တော် တစ်ခါမှမကြားဘူးတဲ့ ရောဂါတစ်ခုကြောင့် ကမ္ဘာမှာ ကလေးငယ် ငါးသိန်းလောက် နှစ်စဉ် သေဆုံးနေကြပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စု က ကလေးငယ် တစ်ယောက်မှ မပါပါ။

ကျွန်တော်တို့ အကြီးအကျယ် တုန်လှုပ်သွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကလေးငယ် သန်းပေါင်းများစွာဟာ ကယ်တင်လို့ ဖြစ်နိုင်တဲ့ ရောဂါဆိုးတွေကြောင့် သေကြေပျက်စီးနေရတယ် ဆိုရင် တကမ္ဘာလုံးက ဒီရောဂါတွေကို ကုစားနိုင်တဲ့ ဆေးတွေရှာဖွေကြမယ်။ ဒီဆေးတွေနဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ လုပ်မပေးခဲ့ကြပါဘူး။ အမေရိကန် တစ်ဒေါ်လာ တောင်မှမကုန်ဘဲနဲ့ အသက်တစ်ချောင်းကို ကယ်လို့ရတဲ့ နည်းတွေရှိပေမဲ့ ဒီနည်းတွေကို ဘယ်သူကမှ ဝေငှ ပေးခြင်း မရှိခဲ့ကြပါဘူး။

ဘွဲ့ရမောင်မယ်တို့ဟာ အသက်တစ်ချောင်းချင်း တန်ဖိုးအတူတူ ပါဘဲလို့ ယူဆတယ်ဆိုရင်တော့ တစ်ချို့ အသက်တွေကတော့ ကယ်တင်ဖို့ထိုက်တန်ပြီး တစ်ချို့အသက်တွေကတော့ ကယ်ဖို့မထိုက်တန် ဘူးလို့ မြင်ကြ တာကို အင်မတန်စက်ဆုပ်ရွံ့ရှာ မိကြမှာပါ။ ဒီတော့ ကျွန်တော်တို့အချင်းချင်း ပြောခဲ့ကြပါတယ်။ “ဒါဟာ တကယ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တယ်ဆိုရင်တော့ အဲဒီနေရာကို ဦးစားပေးပြီး ဒါနပြုထိုက်တယ်” လို့ပါ။

ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ကိုလဲ ဟောဒီပရိတ်သတ်ထဲက လူတိုင်းစသလိုဘဲ စခဲ့ပါတယ်။ ကျွန်တော်တို့ မေးခွန်း ထုတ်ခဲ့ပါတယ်။ “ကလေးငယ်တွေ အသက်ဆုံးနေတာကို တစ်ကမ္ဘာလုံးကဘာလို့ ဒီအတိုင်း ကြည့် နေကြသလဲ”။

အဖြေကတော့ ရှင်းပါတယ်၊ ရက်လဲရက်စက်တဲ့အဖြေပါ။ ဒီကလေးငယ် တွေကို ကယ်တင်ခြင်းဖြင့် ဈေးကွက်စီးပွါးရေးမှာ အမြတ်မရခဲ့ကြလို့ပါ။ နိုင်ငံတစ်ကာက အစိုးရတွေကလဲ ဒီအသက်ကယ်မှုကို ငွေကြေး မထောက်ပံ့ခဲ့ ကြလို့ပါ။ ဒီကလေးတွေဘာကြောင့် အသက်ဆုံးရှုံးခဲ့ကြသလဲဆိုရင် သူတို့ရဲ့ မိခင်၊ ဖခင် တွေဟာ ဈေးကွက်စီးပွါးရေးထဲမှာ အင်အားမရှိ၊ အဲဒီစနစ်ထဲမှာလဲ ပြောရေးဆိုခွင့် မရှိကြလို့ပါ။

ဒါပေမဲ့ ဘွဲ့ရမောင်မယ်များနဲ့ ကျွန်တော်တို့မှာတော့ ဒီအခွင့်အရေး နှစ်မျိုးလုံးရှိ ပါတယ်။

ကျွန်တော်တို့တတွေ အရင်းရှင်စနစ်ကို ဖန်တီးနိုင်စွမ်းပိုပြီးရှိလာအောင် လုပ်နိုင်ရင် ဆင်းရဲသား တွေကို ပိုပြီး အကျိုးရှိစေမဲ့ ဈေးကွက်အင်အား တွေလုပ်ပေးနိုင်မှာပါ။ ပိုပြီးဖန်တီး နိုင်စွမ်းရှိတဲ့ အရင်းရှင်စနစ် ဆိုတာကတော့ ဈေးကွက်ရဲ့ အင်အား တွေ ကို ချဲ့ထွင်ပြီး လူများသထက်များများ အကျိုးအမြတ်ရှိအောင်၊ အနဲဆုံး စားဝတ်နေရေး ချောင်လယ်အောင်၊ မတရားမှုကြောင့် အင်မတန်ဆင်းရဲကြပ်တည်းနေကြတဲ့ သူတွေကို အကျိုးရှိအောင်လုပ်ပေးမဲ့စနစ်ကိုဆိုလိုတာပါ။ ပြီးတော့လဲကမ္ဘာပေါ်က အစိုးရတွေကို အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ငွေတွေကိုသုံးရာမှာ ပြည်သူ၊ပြည်သားများ တန်ဖိုးထားတဲ့နေရာတွေမှာ ပိုပြီးသုံးဖို့ ကျွန်တော်တို့တတွေ ဖိ အား ပေးနိုင်ပါတယ်။

ဆင်းရဲသားတွေရဲ့ လိုအပ်ချက်ကိုလဲ ဖြည့်ဆီးပေးနိုင်၊ လုပ်ငန်းရှင်တွေလဲ အမြတ်ထွက်ပြီး နိုင်ငံရေးသမားတွေ လဲ မဲရနိုင်မဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ရှာနိုင်မယ် ဆိုရင်တော့ အဲဒီတွေ့ရှိခြင်းဟာ ကမ္ဘာပေါ်မှာ မတရားမှုကို လျော့နည်းသွားစေပြီး ရေရှည်အလုပ်ဖြစ်မဲ့နည်းကို ရှာဖွေတွေ့ရှိခြင်းဘဲ ဖြစ်ပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ် ဟာ ပြီးဆုံးပြီလို့ မရှိနိုင်တဲ့လုပ်ငန်းမျိုးပါ။ ဒါပေမဲ့ ဒီစိမ်ခေါ်မှုကို ဖြေရှင်းဖို့ အသိစိတ်အပြည့်နဲ့ ကြိုးစားခြင်းက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲစေပါလိမ့်မယ်။

ဒီကိစ္စကို ကျွန်တော်တို့ ဖြေရှင်းနိုင်မယ်လို့ အကောင်းဖက်က ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြေရှင်းနိုင်ဖို့ လုံးဝ မျှော်လင့်ချက်မရှိဘူး ဆိုတဲ့ အဆိုးမြင်ဝါဒီတွေနဲ့လဲ ကျွန်တော် စကားပြောပါတယ်။ သူတို့တွေက “ဒီ မတရားမှုတွေဟာ ကမ္ဘာဦးကထဲက ရှိခဲ့တယ်၊ နောက်ကမ္ဘာဆုံးသည်ထိလဲ ရှိနေမှာဘဲ၊ ဘာလို့လဲဆိုတော့ လူတွေက … လုံးဝ….ဂရု …… မစိုက်ကြလို့ဘဲ” လို့ပြောပါ တယ်။ ကျွန်တော် လုံးဝ သဘောမတူ ပါဘူး။

ကျွန်တော်တို့ ဂရုစိုက်တာမှ လိုတာထက်တောင် ပိုနေပါသေးတယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဟောဒီ မြက်ခင်းပြင် ထဲမှာရှိ နေတဲ့ သူတွေအားလုံးဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ လူတွေရဲ့ ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးတွေကြောင့် အသဲနင့်အောင် ခံစားခဲ့ရဘူးမှာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေမှာ ဘာမှ ပါဝင်ဆောင်ရွက် ပေးခဲ့ကြဘူးမှာ မဟုတ်ပါ။ ဒီလိုလုပ်မပေးခဲ့တာဟာ ကျွန်တော်တို့တွေ ဂရုမစိုက်လို့၊ အရေးမထား လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဘာလုပ်ပေးရမယ်မှန်း မသိခဲ့ကြလို့ပါ။ တကယ်လို့ ဘယ်လို ကူရမယ် ဆိုတာသာ သိခဲ့ရင် ကျွန်တော်တို့ ကူခဲ့ကြမှာပေါ့ ။

ဒီလို အကူအညီပေးလာအောင် ပြောင်းလဲလာဖို့ ဟန့်တားနေတာ လူတွေရဲ့ဂရုစိုက်မှုအလွန်နဲခြင်း မဟုတ်ပါ။ အကူအညီပေးဖို့ အင်မတန် ရှုပ်ထွေးခက်ခဲခြင်းကသာ ဟန့်တားနေတာ ဖြစ်ပါတယ်။

ဒီလို ဂရုစိုက်ခြင်း ကနေပြီး တကယ်လုပ်ဆောင်ချက် ဖြစ်လာဖို့အတွက် ပြဿနာကိုမြင်ဖို့လိုပါတယ်။ အဖြေ ကို မြင်ဖို့လိုပါတယ်။ ပြီးတော့မှ အကျိုးရလဒ်ကို မြင်ဖို့လိုပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးခက်ခဲခြင်းက ဒီအဆင့် သုံးဆင့်စလုံး ကို ပိတ်ဆို့ ထားပါတယ်။

Internet နဲ့ ၂၄-နာရီ သတင်းဌာနတွေ ထွန်းကားတဲ့ခေတ်မှာတောင်မှ ဒီပြဿနာတွေကို လူအများ အမှန်တကယ် နားလည်သဘောပေါက်လာအောင် လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ကြီးတစ်ခုပါ။ လေယာဉ်ပျံတစ်စီး ပျက်ကျတဲ့အခါမှာ တာဝန်ရှိသူအရာရှိတွေက သတင်းစာရှင်းလင်းပွဲ အလျင်အမြန် လုပ်ပါတယ်။ ဒီအရာရှိတွေက “အခု လေယာဉ်ပျံပျက်ကျမှုကို စုံစမ်း စစ်ဆေးပါမယ်၊ ဘာကြောင့် ပျက်ကျတယ်ဆိုတာကို ဖော်ထုတ်ပါမယ်၊ ဒီလို လေယာဉ်ပျက်ကျမှုမျိုး ထပ်မဖြစ်အောင် ကာကွယ်ပါမယ်” လို့ ကတိပေးကြပါလိမ့်မယ်။

ဒါပေမဲ့လို့ ဒီအရာရှိတွေဟာ အမှန်ကိုအမှန်အတိုင်း ရက်ရက်စက်စက်ပြောမယ် ဆိုရင်တော့ ” ကမ္ဘာပေါ်မှာ ကာကွယ်တားဆီးလို့ရတဲ့ ရောဂါကြောင့် နေ့စဉ် သေဆုံးနေသူဦးရေရဲ့ ရာနှုန်းဝက် (၀.၅ %) နဲ့ညီမျှတဲ့ အရေအတွက်ဟာ ဒီ လေယာဉ်ပျက်ကျတဲ့အထဲမှာ ပါသွားပါတယ်။ ဒီ ရာနှုန်းဝက် သောလူဦးရေ သေဆုံးရ တဲ့ပြဿနာကို အဖြေရှာဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့ မယ်လို့ ဆုံးဖြက်ချက် ချထား ပါတယ်” လို့ပြောရပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ လူသန်းပေါင်း များစွာ မသေသင့်ဘဲ သေကြေနေရတဲ့ ပြဿနာက လေယာဉ်ပျံ ပျက်ကျတဲ့ ပြဿနာ ထက် အများကြီးပိုကြီးတဲ့ ပြဿနာပါ။

ဒီ မသေသင့်ဘဲ သေကြေနေရတဲ့ ပြဿနာအကြောင်းကိုတော့ သတင်းထဲမှာ များများစားစား မတွေ့ရပါ ဘူး။ သတင်းဌာန တွေက သတင်းဦး မှကြေငြာ တာပါ။ လူသန်းပေါင်းများစွာ သေကြေ နေတာဟာ သတင်းဦး မဟုတ်ပါဘူး။ ဒီသတင်းဟာ အလွယ်တစ်ကူ လစ်လျူရှုထားလို့ရတဲ့ နောက်ကွယ်မှာဘဲရှိနေတဲ့ သတင်းမျိုးပါ။ တကယ်လို့ ဒီသတင်းပါလာလို့ ကြည့်ရ၊ဖတ်ရရင်တောင်မှ ဒီပြဿနာကြီးကို စောင့်ကြည့် အကဲခတ်နေဖို့ ခက်ပါတယ်။ ဒီသတင်းထဲက အခြေအနေတွေဟာ အင်မတန် ရှုပ်ထွေးခက်ခဲနေပြီး အဲဒါကို ဘယ်လိုအကူအညီ ပေးရမယ်ဆိုတာကိုမသိရင် ဒီအတိုင်းထိုင်ကြည့်နေဖို့ အလွန်ခက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ ဒီသတင်းကို ကြည့်မနေဘဲ မျက်နှာလွှဲနေလိုက်ကြတာပေါ့။

ပထမအဆင့်အဖြစ် ပြဿနာတစ်ရပ်ရှိတယ်ဆိုတာသိမြင်လာပြီးရင်တော့ ကျွန်တော်တို့ ဒုတိယ အဆင့် ကိုရောက်ပါပြီ။ ဒုတိယအဆင့်က ရှုပ်ထွေးခက်ခဲနေတာတွေကို ဖယ်ရှားပြီး အဖြေကိုတွေ့အောင်ရှာဖို့ပါ။

ကျွန်တော်တို့ ဂရုတစိုက်ကူညီတာတွေကို တကယ်ထိထိရောက်ရောက် အကျိုးရှိစေချင်တယ် ဆိုရင်တော့ ဒီပြဿနာ ရဲ့အဖြေကို မဖြစ်မနေရှာဖို့ လိုအပ်ပါတယ်။

အဖွဲ့အစည်းတစ်ခု ကဘဲဖြစ်ဖြစ်၊ လူတစ်ယောက်ကဘဲ ဖြစ်ဖြစ် “ဘယ်လိုအကူအညီ ပေးရမလဲ” မေးတဲ့အခါမှာ ရှင်းလင်းပြတ်သားပြီး တကယ်အလုပ်ဖြစ်တဲ့အဖြေမျိုး ကျွန်တော်တို့ပေးနိုင်မယ်ဆိုရင် တကယ်ဝိုင်းကူကြမှာပါ။ ပြီးတော့ကမ္ဘာကြီးပေါ်ကဂရုစိုက်ကူညီမှုတွေ အလဟဿ ဖြစ်မသွားအောင်လဲ လုပ်ပေးနိုင်မှာပါ။ ဒါပေမဲ့ အကူအညီပေးဖို့ ရှုပ်ထွေးခက်ခဲခြင်းဟာ ကူညီလိုသူအားလုံးရဲ့ လုပ်ငန်းလမ်းကြောင်း ဖော်ဆောင်ရာပေါ်မှာ အဟန့်အတား တွေဖြစ်နေပါတယ်။ ပြီးတော့ ဒီအကူအညီတွေ တကယ်ထိရောက်လာဖို့လဲ အခက်အခဲ ဖြစ်စေပါတယ်။

ပြဿနာတစ်ခုကို အဖြေရှာဖို့အတွက် အရှုပ်အထွေးအခက်အခဲတွေကို ဖြတ်သန်းရာမှာ ကြိုပြီး ဟောကိန်း ထုတ်ထားလို့ ရတဲ့ အဆင့်လေးဆင့်ကို ဖြတ်သန်းရပါမယ်။ ဒါတွေကတော့- ပန်းတိုင်ဘာလဲဆိုတာ ဆုံးဖြတ်ပါ။
အလွယ်ကူ အကျိုးရှိဆုံးနည်းလမ်းကို ရှာပါ။ ဒီနည်းလမ်း အတွက် အသင့်တော်ဆုံး နည်းပညာ တွေကို တီထွင်ပါ။ ဒီလို တီထွင်နေစဉ်မှာတော့ ရှိပြီးသားနည်းပညာကို ဥာဏ်နဲ့ယှဉ်ပြီး အကောင်းဆုံးဖြစ်အောင် သုံးပါ။ ရှိပြီးသား နည်းပညာဆိုတာ ခေတ်မှီဆန်းပြားတဲ့ ဆေးဝါးဖြစ်နိုင်သလို ပိုပြီးလွယ်ကူတဲ့ ခြင်ထောင်လိုဟာမျိုး လဲ ဖြစ်နိုင်ပါတယ်။

“AIDS” ကူးစက် ရောဂါဟာ ဥပမာ တစ်ခုပါ။ ဒီရောဂါ လုံးဝ ပပျောက်ရေးဟာ ကျွန်တော်တို့ရဲ့ ယေဘုယျ ရည်မှန်းချက်ပါ။ အလွယ်ဆုံးနဲ့အကျိုးဖြစ်နိုင်မဲ့နည်းလမ်း ကတော့ ဒီရောဂါကာကွယ်ရေးပါ။ အကောင်းဆုံး စံချိန်အဖြစ် ထားရမည့် နည်းပညာကတော့ ဆေးတစ်ခါထိုးရုံနဲ့ တသက်လုံးကာကွယ်ပြီးသားဖြစ်မဲ့ ကာကွယ် ဆေးပါ။ ဒါကြောင့်မို့ အစိုးရတွေ၊ ဆေးကုမ္ပဏီတွေ၊ အလှူရှင် အဖွဲ့အစည်း တွေက ကာကွယ်ဆေး သုတေသန ကို ငွေကြေး ထောက်ပံ့ကြပါတယ်။ ဒါပေမဲ့ ဒီဆေးသုတေသနက နောက် ၁၀နှစ် ကျော်ကြာမယ် ဆိုတော့ ဒီအချိန်အတွင်းမှာတော့ ကျွန်တောတို့လက်ဝယ်မှာ ရှိပြီးသားနည်းလမ်းကိုဘဲ သုံးကြရမှာပါဘဲ။ အဲဒီ လက်ဝယ်မှာရှိပြီးသား အကောင်းဆုံးနည်းလမ်းကတော့ လူထုကို ရောဂါအန္တရာယ်ရှိတဲ့ အပြုအမူတွေကို ရှောင်ကြဉ်စေဖို့ပါဘဲ။

ဒီပန်းတိုင်ကိုသွားဖို့ကလဲ စောစောကပြောခဲ့တဲ့ အဆင့်လေးဆင့်နဲ့ဘဲ သွားရပါမယ်။ ဒီ အဆင့်လေးဆင့် ဟာ နမူနာပုံစံပါ။ အရေးအကြီး ဆုံးကတော့ ကာယအား၊ ဥာဏအား စိုက်ထုတ်တာကို ဘယ်တော့မှ မရပ်ဖို့ပါဘဲ။ နှစ်ဆယ်ရာစုထဲမှာ ငှက်ဖျား နဲ့ တီဘီရောဂါတွေကို အရှုံးပေးခဲ့မိသလို အခက်အခဲကို လက်မြှောက်ပြီး အရှုံးမပေးမိဖို့ပါဘဲ။

ပြဿနာဘာလဲဆိုတာ မြင်ပြီ၊ ချဉ်းကပ်ရမဲ့ နည်းလမ်းလဲ ရှာတွေ့ပြီးပြီ ဆိုရင်တော့ နောက်ဆုံးအဆင့်က ကိုယ်အလုပ်လုပ်တာ ဘယ်လောက်ထိရောက်မှုရှိတယ်ဆိုတာကို တိုင်းတာပြီး ကိုယ့်ရဲ့အောင်မြင်မှု တွေကိုရော၊ ဆုံးရှုံးမှုတွေကိုပါ အခြားသူတွေကို ပြောပြဝေငှဖို့ပါ။ ဒီလို လုပ်ခြင်းဖြင့် အခြားသူများဟာ မိမိရဲ့ကြိုးစား အားထုတ်မှုမှ သင်ခန်းစာယူစရာ ရပါမယ်။

အလုပ်လုပ်ရာမှာ စာရင်းဇယားတွေထားဖို့လဲ လိုအပ်ပါတယ်။ ဟုတ်ပါတယ်။ မောင်မယ်တို့ရဲ့ လုပ်ငန်းစဉ်က ကလေးငယ် သန်းပေါင်းများစွာပိုပြီး ကာကွယ်ဆေးထိုးပေးနေတယ် ဆိုတာကို ပြနိုင်ဖို့လိုပါတယ်။ မောင်မယ်တို့ရဲ့ လုပ်ငန်းစဉ်ကြောင့် ရောဂါနဲ့သေဆုံးရတဲ့ ကလေးငယ်အရေအတွက် ကျဆင်းလာတယ်ဆိုတာ ပြနိုင်ဖို့လိုပါတယ်။ လုပ်ငန်းစဉ်ကိုတိုးတက်စေဖို့သာ စာရင်းဇယားတွေ မရှိမဖြစ်လိုတာ မဟုတ်ပါဘူး။ စီးပွါးရေးလုပ်ငန်းတွေနဲ့ အစိုးရတွေဆီက ငွေကြေးထောက်ပံ့မှုတွေကို ဆွဲဆောင်ဖို့လဲ စာရင်းဇယားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။

ဒါပေမဲ့ လူတွေ စိတ်ဝင်စား အားကျလာအောင်၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက် လာအောင်ကတော့ ကိန်းဂဏန်း တွေနဲ့မလုံလောက်တော့ ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်က လူသားတွေကို တကယ်အကျိုးဖြစ်စေတယ်ဆိုတာ ကိုပြရပါမယ်။ ဒါမှလဲ အသက်တစ်ချောင်းကိုကယ်ခြင်းဆိုတာ ကယ်တင်ခံရသူဒုက္ခသည်မိသားစုတွေ အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိသလဲဆိုတာကို ပြည်သူအများ ရင်ထဲကခံစားနိုင်မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတော်ကြာက
Davos, Switzerlan ကိုသွားပြီး ကမ္ဘာ့ကျန်းမာရေးအကြံပေးအဖွဲ့တစ်ခုရဲ့ အစည်းအဝေးကို သွားတက်ခဲ့တာကို သတိရပါတယ်။ ဒီအစည်းအဝေးက လူသန်းပေါင်းများစွာရဲ့ အသက် ကယ်ဖို့နည်းလမ်းတွေကို ဆွေးနွေးကြဖို့ပါ။ အသက်သန်းပေါင်းများစွာကို ကယ်မှာပါ။ လူ့အသက် တစ်ချောင်းကို ကယ်တင်ရတယ်ဆိုတာ ဘယ်လောက် ပီတိဖြစ်စရာ ရင်ခုန်စရာ ကောင်းသလဲ။ စဉ်းစားကြည့်ပါ။ အဲဒါကို အဆသန်းပေါင်းများစွာ ချဲ့ထွင်ကြည့်ပါ။ ဘယ်လောက်များ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ ကောင်းလိုက် မလဲ။ ဒါပေမဲ့ ……. ဒီဆွေးနွေးပွဲဟာ ကျွန်တော့တစ်သက်လုံး တက်ခဲ့ရတဲ့ ဆွေးနွေးပွဲတွေ အားလုံးထဲမှာ……. ပျင်းစရာ အကောင်းဆုံး……. တစ်သက်လုံးရဲ့ ပျင်းစရာ အကောင်းဆုံး ဆွေးနွေး ပွဲ ပါ။ ကျွန်တော်လိုလူမျိုးတောင်မှ သည်းမခံနိုင်အောင် ပျင်းစရာကောင်းပါတယ်။

ဒီအတွေ့အကြုံဟာ ဘာကြောင့် ဒါလောက်ထင်းထင်းကြီး ပေါ်နေသလဲဆိုတော့ အဲဒီဆွေးနွေးပွဲကို ကျွန်တော် အခြားပွဲ တစ်ခုကလာခဲ့လို့ပါ။ ဘာပွဲလဲဆိုတော့ ကျွန်တော်တို့ Software တစ်ခုရဲ့ Version 13 ကို စတင်ဖြန့်ချီ တဲ့ပွဲပါ။ အဲဒီပွဲမှာ လူတွေဟာ စိတ်ဓာတ်တက်ကြွပြီး အော်ဟစ်ခုန်ပေါက်နေခဲ့ကြတာပါ Software တစ်ခုကြောင့် လူတွေ စိတ်အားတက်ကြွတယ်ဆိုတာ ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ လူ့အသက်ပေါင်းများစွာ ကယ်တင်ရာမှာ ဘာလို့ပိုပြီးတော့ စိတ်အား မတက်ကြွနိုင်ရမှာလဲ။

အကျိုးသက်ရောက်မှုတစ်ခုကို တကယ်မျက်ဝါးထင်ထင်မြင်ရ၊ ခံစားလို့ရအောင် လုပ်မပေးနိုင်ရင် လူတွေကို စိတ်အားတက်ကြွအောင် လုပ်လို့မရနိုင်ပါ။ ဒါကို ဘယ်လိုလုပ်ရပါ့မလဲ။ ဒါဟာ ခက်ခဲတဲ့ မေးခွန်းပါ။

ကျွန်တော် အကောင်းမြင်နိုင်ပါသေးတယ်။ ဟုတ်ပါတယ်။ မတရားမှုဆိုတာ အမြဲတန်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုကျွန်တော်တို့မှာရှိတဲ့ ရှုပ်ထွေးခက်ခဲမှုကို ဖြတ်သန်းကျော်လွှားနိုင်တဲ့ နည်းလမ်းသစ်၊ ကိရိယာသစ်တွေ က တော့ အရင်ထဲက မရှိခဲ့ပါဘူး။ ဒီနည်းလမ်းသစ် တွေဟာ ကျွန်တောတို့ရဲ့ အကူအညီတွေကို ပိုပြီး အရာရောက်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်လဲ အနာဂါတ်ဟာ အတိတ်နဲ့ မတူနိုင်တာပါ။

ဒီကနေ့ခေတ်ရဲ့ ပြယုဂ်တွေဖြစ်ပြီး တိုးတက်ထွန်းကားနေဆဲ ဖြစ်တဲ့ Biotechnology, Computer နဲ့
Internet တွေက အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ ကာကွယ်ကုသနိုင်တဲ့ ရောဂါတွေကသေဆုံးမှုတွေကို ပပျောက်အောင် ဆောင်ရွက်ရာမှာ ကျွန်တောတို့တစ်တွေကို ဘယ်တုန်းကမှ မရဘူးခဲ့တဲ့ အခွင့်အလမ်းတွေနဲ့ ပံ့ပိုးပေး နေပါတယ်။

လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် က George Marshall ဟောဒီ Harvard ဘွဲ့နှင်းသဘင် အခမ်းအနားကို လာပြီး ဒုတိယကမ္ဘာစစ်ပြီးစ ဥရောပနိုင်ငံတွေကို ထောက်ပံ့ကူညီဖို့ စီမံကိန်းကို ကြေညာခဲ့ပါတယ်။ သူက “ကျွန်တော့ အထင်တော့ အခက်အခဲက လက်ရှိပြဿနာရဲ့ ပမာဏ အင်မတန်ကြီးမားမှုနဲ့ နက်ရှိုင်းရှုပ်ထွေးမှုပါ။ ဒီဧရာမ ပြဿနာကြီးကို ရေဒီယိုတွေနဲ့ သတင်းစာတွေက အချက်အလက်တွေ အလုံးအရင်း နဲ့ ပြည်သူတွေကို တင်ပြနေတဲ့အတွက် သာမာန် ပြည်သူတစ်ယောက်အနေနဲ့ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း အကဲဖြတ် သုံးသပ်ဖို့ အလွန်ဘဲခက်ခဲပါတယ်။ လက်ရှိအခြေအနေရဲ့ အမှန်တကယ်အရေးပါမှုကို အဝေးကြည့်အမြင်နဲ့ ခြုံငုံ သုံးသပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။”

Marshall ဒီမိန့်ခွန်းပြောပြီးလို့ နောက်နှစ်ပေါင်းသုံးဆယ်ကြာပြီး ကျွန်တော့အတန်းက ကျွန်တော်မပါဘဲ ဘွဲ့ယူကြတဲ့နှစ်မှာတော့ ကမ္ဘာကြီးကို ပိုပြီးသေးငယ်သွားအောင်၊ ပိုပြီးပွင့်လင်းလာအောင်၊ ပိုပြီးတော့ မြင် နိုင်အောင်၊ ခရီးတာတိုသွားအောင် လုပ်ပေးမဲ့ နည်းပညာတွေ စတင်ထွန်းကားလာခဲ့ပါတယ်။

ဈေးနှုန်း ချိုသာတဲ့ Personal Computer တွေ ပေါ်ပေါက်လာခြင်းက နေပြီး ပညာသင်ယူရေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ အခွင့်အလမ်းတွေကို ပြောင်းလဲပေးခဲ့တဲ့ အင်အားကောင်းတဲ့ Network တစ်ခုလဲ ပေါ်ပေါက်လာပါတယ်။

ဒီ Network ရဲ့ မျက်လှည့်ဆန်တဲ့ အချက်က မြေကြော ရှုံ့ပြီးလူတိုင်းကို မောင်မယ်တို့ရဲ့ အိမ်နီးချင်း ဖြစ်အောင် လုပ်ပေးနိုင်ရုံမကပါ။ ဒီ Network ကဘဲ ပြဿနာ တစ်ခုကို ဖြေရှင်း ဖို့အတွက် ဝိုင်းကူပြီးစဉ်းစားပေးနိုင်တဲ့ ဥာဏ်ကြီးရှင် အရေအတွက်ကိုလဲ မျက်လှည့်ပမာ တိုးပွါးစေခဲ့ပါတယ်။ ဒီအချက်ကြောင့်ဘဲ တီထွင်မှု အသစ်အဆန်း ပေါ်ထွက်မှုနှုန်းဟာ အံ့ဩစရာထိုးတက် သွားခဲ့ပါတယ်။

အဲဒီလို တိုးတက်နေတဲ့အချိန်မှာ ဒီနည်းပညာတွေကို အသုံးပြုခွင့်ရသူ တစ်ယောက်ရှိတိုင်း၊ ကမ္ဘာပေါ်မှာ အဲဒီလို သုံးဖို့ အခွင့်မသာတဲ့သူငါးယောက် ရှိနေပါတယ်။ အဓိပ္ပါယ်ကတော့ ဖန်တီးနိုင်စွမ်းရှိသူ အများအပြားဟာ ပြဿနာဆွေးနွေးပွဲတွေမှာ မပါဝင်နိုင်ဘဲ ကျန်နေသေးတယ် ဆိုတာပါဘဲ။ ဒီကျန်နေတဲ့သူတွေထဲမှာ တကယ် ထက်မြက်တဲ့ လက်တွေ့ဖြတ်ထိုးဥာဏ်နဲ့ တကယ်အသုံးဝင်တဲ့ အတွေ့အကြုံတွေရှိပေမဲ့ နည်းပညာ အခက်အခဲကြောင့် အစွမ်းအစကိုမြှင့်တင်ခွင့်မရသူတွေ၊ သူတို့တွေရဲ့ အကြံအစည်ကို ကမ္ဘာကိုတင်ပြခွင့် မရတဲ့သူတွေ ပါပါတယ်။

လူများနိုင်သမျှများများ ဒီနည်းပညာကို သုံးခွင့်ရဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီအဆင့်မြင့်နည်းပညာတွေ ကနေပြီး လူသားတစ်ဦးကတစ်ဦးကို အကူအညီပေးရာမှာ ခုန်ပျံကျော်လွှားတိုးတက်မှုကြီး တွေ ဖြစ်အောင် လှုံ့ဆော် ပေးနေလို့ ပါဘဲ။ ဒီတိုးတက်မှုတွေဟာ နိုင်ငံတကာက အစိုးရတွေကိုသာမက တက္ကသိုလ်တွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ အဖွဲ့အစည်းငယ်လေးတွေ နဲ့ လူတစ်ဦးချင်းကိုပါ ပြဿနာတွေကို မြင်နိုင်အောင်၊ ချဉ်းကပ်အဖြေရှာနိုင်အောင်၊ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှု နဲ့ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က George Marshall ပြောခဲ့တဲ့ အလွန်ဆိုးဝါးတဲ့အခြေအနေမျိုးကို ဖြေရှင်းရာမှာ ဘယ်လောက်ထိရောက်မှုရှိသလဲ တိုင်းတာနိုင်အောင် ကူညီပေးနေကြပါတယ်။

ဟောဒီမြက်ခင်းပြင် ပေါ်မှာရှိကြ တဲ့ Harvard မိသားစုဝင်တွေဟာ ကမ္ဘာ့ ဥာဏ်ရည် အကောင်းဆုံးလူ အစု အဝေးတွေထဲမှာ တစ်စု အပါအဝင်ပါ။

ဒီလူစုဟာ ဘာလုပ်ဖို့လူစုလဲ။

Harvard တက္ကသိုလ်က သင်ကြားရေးအဖွဲ့ဝင်တွေ၊ Harvard ကျောင်းထွက်တွေ၊ Harvard ကျောင်းသားတွေနဲ့ Harvard တက္ကသိုလ်ကို ငွေကြေးလှူဒါန်းကြသူတွေဟာ သူတို့ရဲ့စွမ်းအားကိုသုံးပြီး ဟောဒီနိုင်ငံကိုရော၊ ကမ္ဘာ အဝှမ်းကသူတွေကိုပါ ကူညီပေးခဲ့ကြတယ်ဆိုတာ လူအများသိပြီးဖြစ်ပါတယ်။ သို့သော် ကျွန်တော် တို့ ဒီထက်ပိုပြီး လုပ်ပေးနိုင်ပါသေး သလား။ Harvard ရဲ့ ဥာဏ်ရည်တွေကို Harvard ဆိုတဲ့နာမည်ကိုတောင် ကြားဖူး မှာမဟုတ်တဲ့ လူတွေရဲ့အသက်ကိုကယ်ဖို့ ရည်စူးနိုင်မလား။

Harvard ရဲ့ ဥာဏ်စွမ်းရည် တွေကို ဦးစီး ခေါင်းဆောင် ပြုကြတဲ့ ဌာန ကြီးမှူး များနဲ့ ပါမောက္ခကြီးများကို ကျွန်တော် မေတ္တာရပ်ခံပါရစေ။ ဆရာအသစ်တွေ၊ ပညာရှင်တွေ ခန့်ထားတဲ့အခါမှာ၊ သင်ရိုးတွေကိုပြန်လည် သုံးသပ်ရာမှာ၊ ဘွဲ့တစ်ခုအတွက် လိုအပ်တဲ့အရည်အချင်းတွေကို ဆုံးဖြက်ရာမှာ ကိုယ့်ကိုယ်ကိုမေးခွန်း ထုတ်ကြပါ။

ငါတို့ရဲ့ အတော်ဆုံးဦးဏှောက်တွေကို ငါတို့ရဲ့ အကြီးမားဆုံးသော ပြဿနာတွေကိုဖြေရှင်းဖို့ ရည်စူးသင့် ပါသလား။

Harvard သည်သူ့ရဲ့ သင်ကြားရေးအဖွဲ့တွေကို ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးသော မတရားမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အားပေးသင့်ပါသလား။ Harvard ကျောင်းသူ၊ ကျောင်းသား တွေဟာ ကမ္ဘာအဝှမ်း ဆင်းရဲမွဲတေမှုရဲ့ နက်ရှိုင်းပုံအကြောင်း၊ ကမ္ဘာအနှံ့က ငတ်မွတ်ခေါင်းပါးမှုတွေရဲ့ အကြောင်း၊ သန့်ရှင်းတဲ့ရေ ရှားပါးမှု အကြောင်း၊ ကျောင်းနေခွင့်မရတဲ့ မိန်းကလေးတွေရဲ့ အကြောင်း၊ ကုသနိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးနေရတဲ့ ကလေးငယ်တွေ အကြောင်းတွေကို သင်ယူကြဖို့ သင့်ပါသလား။

ကမ္ဘာပေါ်မှာ အခွင့်အရေးအရဆုံးသူတွေဟာ ကမ္ဘာပေါ်မှာ အခွင့်အရေးမရဆုံး လူတွေရဲ့အကြောင်းကို သိသင့် ပါသလား။

ဒါတွေဟာ တကယ်ဖြေကြားဖို့သင့်တဲ့ မေးခွန်းတွေပါ။ ဒါတွေကို Harvard ရဲ့မူဝါဒတွေနဲ့ ဖြေကြားပေးပါလိမ့် မယ်။

ကျွန်တော့ အမေဟာ ကျွန်တော် Harvard ကို ဝင်ခွင့်ရတဲ့နေ့က အင်မတန်ဂုဏ်ယူခဲ့ပါတယ်။ လူအများကို ပိုပြီး အကူအညီပေးဖို့ ကျွန်တော့ကို အမြဲတိုက်တွန်းခဲ့ပါတယ်။ ကျွန်တော့ရဲ့ မင်္ဂလာဆောင်မတိုင်ခင်လေးမှာ အမေက သတို့သမီး အတွက် ဧည့်ခံပွဲတစ်ခု လုပ်ပေးခဲ့ပါတယ်။ အဲဒီပွဲမှာ သတို့သမီး Melinda အတွက် အိမ်ထောင်မှု အကြောင်း သူရေးထားတဲ့စာကို အားလုံးကြားအောင် ဖတ်ပြခဲ့ပါတယ်။ အမေဟာ အဲဒီအချိန်က ကင်ဆာရောဂါ အပြင်းအထန် ခံစားနေခဲ့ရတဲ့ အချိန်ပါ။ ဒါပေမဲ့ သူပြောချင်တဲ့စကားကို ပြောဖို့အတွက်အခွင့်အရေးကို သူတွေ့ခဲ့ပါတယ်။ Melinda အတွက်စာရဲ့ နိဂုံးမှာ သူရေးခဲ့တာက “အများအပြား လက်ခံရရှိထားသူများ ထံမှ အများအပြား မျှော်လင့်ထားကြသည်” တဲ့။

ဒီမြက်ခင်းပြင် ထဲမှာရှိတဲ့ကျွန်တော်တို့အားလုံး ကျွန်တော်တို့ရရှိထားကြတဲ့ “အစွမ်းအစတွေ၊ အခွင့်အရေးတွေ နဲ့ အခွင့်အလမ်းတွေ” ကိုစဉ်းစားကြည့်ရင် ကမ္ဘာကြီးက ကျွန်တော်တို့ဆီက ပြန်ပြီး မျှော်လင့်နိုင်တဲ့ ပမာဏဟာ အကန့်အသတ်တောင် မရှိလောက်အောင် ပါဘဲ။

ဒီနေ့ခေတ်ရဲ့ ရှေ့အလားအလာတွေနဲ့အညီ ဟောဒီကဘွဲ့ရမောင်မယ် တစ်ယောက်ချင်းကို တိုက်တွန်းချင် ပါတယ်။ ကမ္ဘာကြီးမှာရှိတဲ့ ပြဿနာတွေ ထဲကပြဿနာတစ်ရပ် ကိုယူပါ။ တကယ်ခက်ခဲတဲ့ ပြဿနာ၊ နက်ရှိုင်းတဲ့ မတရားမှုတစ်ခုကို အထူးပြုလေ့လာပါ။ တကယ်လို့ အဲဒီပြဿနာကို မိမိအသက်မွေးဝမ်းကျောင်းမှုရဲ့ ဦးတည်ချက်အဖြစ် ထားနိုင်မယ်ဆိုရင်တော့ တကယ် ထူးခြားအံ့ဩဖွယ်ဖြစ်အောင် ကိုလုပ်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလောက် မလုပ်ဘူးဆိုရင်တောင်မှ တကယ်အကျိုးဖြစ်အောင် လုပ်လို့ရပါတယ်။ တစ်ပါတ်ကို နာရီအနည်းငယ်လောက်သုံးပြီး တိုးတက်သထက်တိုးတက်လာတဲ့ Internet ရဲ့ အစွမ်းနဲ့ အချက်အလက်တွေ ရှာဖွေပါ။ ဝါသနာတူသူများကို ရှာပါ။ အတားအဆီးများကို မြင်အောင်ကြည့်ပါ။ အဲဒီအတားအဆီး တွေကို ဖြတ်ကျော်ဖို့နည်းလမ်းတွေကို ရှာပါ။

ရှုပ်ထွေးခက်ခဲမှုက မောင်မယ်တို့ကို မဟန့်တားပါစေနဲ့။ လှုပ်ရှားတက်ကြွသူများ ဖြစ်ပါစေ။ တကယ်ကြီးမားတဲ့ မတရားမှုကို ကိုင်တွယ်ပါ။ ဒါတွေဟာမောင်မယ်တို့ဘဝရဲ့ ဧရာမအတွေ့အကြုံကြီးတွေ ဖြစ်လာပါလိမ့်မယ်။

ဘွဲ့ရမောင်မယ်တို့ဟာ အံ့ဩစရာကောင်းတဲ့ ခေတ်ကြီးမှာ အရွယ်ရောက်လာကြသူတွေပါ။ မောင်မယ်တို့ Harvard က ထွက်တဲ့အချိန်မှာ ကျွန်တော်နဲ့အတန်းတူသူငယ်ချင်းတွေမှာ မရှိခဲ့ဘူးတဲ့ နည်းပညာ တွေ မောင်မယ်တို့မှာရှိပါတယ်။ ကျွန်တော်တို့တုန်းကမသိခဲ့ကြ တဲ့ ကမ္ဘာအဝှန်းက မတရားမှုတွေကို မောင်မယ်တို့ သိကြပါတယ်။ အလွယ်တကူကယ်လို့ရတဲ့ လူ့အသက်ပေါင်းများစွာကို မောင်မယ်တို့ မျက်ကွယ်ပြုထား မယ်ဆိုရင်တော့ ဒီအသိကြောင့် မောင်မယ်တို့ကို ပြန်ပြီးနှိပ်စက်မဲ့အသိစိတ်မျိုး မောင်မယ်တို့မှာ ရှိကောင်းရှိပါလိမ့်မယ်။ ကျွန်တော်တို့တုန်းက ရှိခဲ့တာတွေထက်ပိုပြီး ပိုင်ဆိုင်ထားတဲ့ မောင်မယ်တို့ဟာ ကျွန်တော်တို့ထက်ပိုပြီး အလုပ်စောစော စလုပ်ရပါမယ်။ ကျွန်တော်တို့ထက် ပိုပြီးကြာကြာ အလုပ်လုပ်ပေးကြရ ပါလိမ့်မယ်။

မောင်မယ်တို့ အခုသိနေတဲ့ အသိကြောင့် လုပ်မပေးဘဲရော နေနိုင်ပါ့မလား။

့နောင် နှစ်ပေါင်း ၃၀ အကြာမှာ မောင်မယ်တို့ဟာ Harvard ကိုပြန်လာပြီးတော့ မောင်မယ်တို့ရဲ့ အစွမ်းအစတွေ၊ စွမ်းအင်တွေနဲ့ ဘာတွေလုပ်ပေးခဲ့တယ် ဆိုတာကို ပြန်ပြောင်းပြောပြကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်။ ကိုယ့်ကိုကိုယ်ပြန်ပြီး အကဲဖြတ်ရာမှာလည်း မိမိရဲ့ အသက်မွေးပညာရပ်မှာ အောင်မြင်မှုတွေသာမက ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး မတရားမှုတွေအတွက် ဘယ်လောက်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီးပြီလဲ၊ ကမ္ဘာ့တစ်ဖက်ခြမ်းက ကိုယ်နဲ့လူချင်းသာတူပြီး ကျန်တဲ့နေရာတွေမှာ လုံးဝကွဲပြားခြားနားနေတဲ့ လူသားတွေကို ဘာတွေလုပ်ပေးခဲ့သလဲ ဆိုတာတွေကိုပါ ထဲ့ပြီးအကဲဖြတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger