(အချစ်ရဲ့ဖြစ်တည်မှု)

Tuesday, September 13, 2011



ရင်မှာမြတ်နိုးတွယ်တာ
တစ်သက်စာပေမို့
**နင်ကို ငါချစ်တယ်**
ဆိုတဲ့စကားလုံးလေးတွေက
သူများအတွက်တော့
ဘယ်လိုနေလဲ ငါမသိပါဘူး
ချစ်သူရေ ငါအတွက်တော့
ဒီရင်ဘတ်ကို နင်အတွက်
ခင်းချပေးလိုက်တာပါပဲ
နင်ဆီက ငါရရှိမှာ
အပြင်းစားအချစ်တွေလား...?
အေးချမ်းငြိမ်သက်တဲ့အချစ်တွေလား....?
ရက်စက်မှုအပြည့်နဲ့အချစ်လား....?
ဘာတွေပဲဖြစ်နေဇမ်းပါဇေ.....
ငါရင်ခွင်နန်းတော်
နင်တစ်ယောက်တည်းအတွက်ပေမို့
နင်သာလျှင် ငါဘုရင်မ
နင်သာလျှင် ငါအသက်
နင်သာလျှင် ငါဘ၀၊ငါ့အရှင်သခင်မို့
ဒီရင်ဘတ်ထဲက အချစ်ဆိုတာ
နင်တစ်ယောက်တည်းအတွက်
ရည်စူးခဲ့တာမို့
အချိန်တိုင်း နေရာတိုင်း
ဘယ်သူဘယ်လိုမေးမေး
နင်ကိုငါ အရမ်းချစ်ပါတယ် ချစ်သူရေ

(ခင်မင်လေးစားလျှက် နတ်ဆိုးလေး)
(14/Sep/2011)3.02Am

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger