လွမ်းသတဲ့လား
ငါမဟုတ်လောက်ပါဘူး
ချစ်တာတဲ့လား
ငါမသိပါဘူး
ခင်မင်မှုတဲ့လား
ငါမပြောပြတတ်ဘူး
သံယောဇဉ်တဲ့လား
ငါမရေရာပါဘူး
သေချာတာတစ်ခုကတော့
ငါပိုင်ဆိုင်ထားတာတွေတစ်ခုက
မဟုတ်တာ၊မသိတာ၊မပြောပြတတ်တာ၊
မရေရာမှုတွေအပြည့်နဲ့ပါပဲ
တော်သေးတာပေါ့
သေချာမှုဆိုတဲ့စာသားလေးပါသွားလို့
(နတ်ဆိုးလေး)
သေချာမှုတဲ့လား
Saturday, October 8, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 11:19 PM
0 comments:
Post a Comment