ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်သုံးဦး နိုင်ငံသား ဟုတ် မဟုတ် အဖြေ လဝက ပေးတော့မည်

Wednesday, May 15, 2013

နိုင်ငံသားမဟုတ်ကြောင်း ဝေဖန် ခံနေရသည့် ရခိုင်ပြည်နယ်မှ ပြည်ခိုင် ဖြိုးလွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ ကိုယ်ရေးရာဇဝင် တွေ့ရှိမှုကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနက ပြည်ထောင်စုအစိုးရ အဖွဲ့ သို့ တင်ပြတော့မည်ဟု လဝက ညွှန်ချုပ် ဦးမောင်မောင် သန်းက ပြောသည်။ ဝေဖန်မှုခံနေရသည့် ပြည်ခိုင်ဖြိုး ပါတီလွှတ်တော်အမတ် သုံးဦး၏ အဖေ၊ အမေ၊ အဘိုး၊ အဘွား မှတ်တမ်းများ အား တိုက်ဆိုက် စစ်ဆေးမှုကို လဝက က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တွေ့ရှိချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တော တွင် ဘင်္ဂါလီဦးရေမှာ ရခိုင် ဦးရေ၏အဆများစွာများနေရာ ယခုစစ် ဆေးမှုအပေါ်တွင် ရခိုင်ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

နိုင်ငံသားဖြစ်မှုရှိခဲ့ပါက မည်သည့် ပြဿနာမှ မရှိသော်လည်း တစ်စုံတစ်ရာ လွဲချော်မှုရှိခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပ ဒေ ပုဒ်မ ၃၉၆ (က)၊ (၄)နှင့် ငြိစွန်းမည် ဖြစ်ပြီး  လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်ရုပ်သိမ်းခြင်း ခံရနိုင်သည်။

 ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြည် ခိုင်ဖြိုးပါတီမှ ၂ဝ၁ဝ တွင် ဝင်ရောက် ရွေးချယ်ခံခဲ့ပြီးလွှတ်တော် ကိုယ်စားလှယ် များဖြစ်လာခဲ့သော အဆိုပါ အမတ်တို့ မှာလက်ရှိတွင် နိုင်ငံသားမဟုတ်ကြောင်း စွပ်စွဲချက်သတင်းများ ထွက်ပေါ်လာခဲ့ သော်လည်း ဦးရွှေမောင်မှာမူ ၄င်းသည် နိုင်ငံသားစစ်မှန်ကြောင်း ဖြေရှင်းခဲ့ဖူး သည်။

ပေါ်ပြူလာနယူးစ်အေ နဖြင့် ယင်း လွှတ်တော်ကိုယ်စားလှယ်များအား ဆက် သွယ်မေးမြန်းခဲ့ရာ မည်သူမျှ ပြန်လည် မဖြေကြားခဲ့ပေ။ ရခိုင်အစီရင်ခံစာတွင်မူ ပြည်ခိုင်ဖြိုး ပါတီသည် ရခိုင်တွင် ၄င်းတို့ မဲရရှိရေးအတွက် White Card (အဖြူ ရောင်ကတ်)များထုတ်ပေးခဲ့ဖူးကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် နိုင်ငံ သားစစ်ဆေးမှု ခံယူနေရသူတို့မှာ ဘူးသီးတောင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေ မောင်၊ မောင်တောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းတို့ ဖြစ်သည်။
PN-051
Popular Myanmar News Journal

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger