စိတ်ရဲ့ အတွေးတစ်စ

Friday, May 10, 2013

        

ငါသိတာ ငါတွေးတာ ငါလုပ်ဆောင်ချက်
အချိန်အတော်များများ
စိတ်ခံစားချက်အတိုင်း နေတရ်
အဲဒီတော့ 
အမှန်ကြားမှာ အလိမ်အညာတွေ မုသားတွေ
ယုတ်မာမှုတွေ ညှပ်ပါနေတရ်

ငါစိတ်ကို ငါ ပြန်ဖတ်နေတရ်
အတိတ်ကို ပြန်လည်ပြင်ဆင်ခွင့် မရှိပေမဲ့
အခုချိန်က စပြီး ငါမှာ ပြန်ဖာထေးခွင့် ရှိနေသေးသားပဲ
တစ်ချို့  အရာတွေ အတွက်တော့ နောင်တ ရှိနေမှာပါ
ဒါပေမဲ့ အဲဒီနောင်တကိုတော့  ငါမမွေးထားတတ်ဘူး

အရာအားလုံးမဟုတ်တောင်
တစ်ချို့  အရာတွေအတွက်
ငါစိတ်ကို အကောင်းဆုံး ပြုပြင်တတ်လာပါပြီ

ဘယ်သူတွေ ဘယ်လိုတွေးတွေး
ဘယ်လိုထင်ထင်
ငါသိတာတစ်ခုက
ငါ စိတ်ရဲ့  အမှန်တရား
ငါကိုယ်တိုင်နဲ့ ငါရဲ့ ကိုယ်စောင့် နတ်သိရင်ပြီးတာပါပဲ

(နတ်ဆိုးလေး)
sat(11/5/2013)
12:25pm

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger