၂၂၉ နှစ်ပြည့် လေးဝတီတမ်းခြင်း (အယ်ဒီတာ့အာဘော်)

Friday, January 3, 2014

ဒေနိန့် ခရစ်နှစ် ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ရခိုင်သက္ကရာဇ် နတ်တော် လကွယ် ၁၄ ရက်နိန့်၊ ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးရေ နိန့်တစ်နိန့်ဖြစ်တေ။ ဒေနိန့်ကို ရခိုင်သမိုင်းမှာ လုံးဝ မိန့်ဖျောက်လို့မရရေ သမိုင်းဝင်နိန့် တစ်နိန့်ဖြစ်တေ။ တစ်နည်းအားဖြင့်ဆိုကေ ရခိုင်လူမျိုးနန့် ရခိုင်ပြည်တစ်ခုလုံးသူ့ကျွန်ဘ၀ကိုကျရောက်ရေနိန့်တစ်နိန့်ဖြစ်တေ။ နှစ် အားဖြင့်ဆိုကေ ၂၂၉ နှစ်ပြည့်လားဗျယ်ဖြစ်တေ။

အတိတ်ကိုပြန်ကြည့်ရဖို့ဆိုကေ ဥသြရီသောက်ဆိုရေပိုင် ခရစ်သက္ကရာဇ် ၁၇၈၄၊ ရခိုင်သက္ကရာဇ် ၁၁၄၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ Arakan National Black Day ဆိုရေ ရခိုင်တိအတွက် ပြိုင်ညောင်ပင်ကြီး ပြိုလဲရေပိုင် ဘုရင် မဟိရေ တိုင်းပြည်၊ သူတစ်ပါးလက်အောက်ခံ ကျွန်အဖြစ်သို့ သွတ်သွင်း ခံရရေ နိန့်တစ်နိန့်ဖြစ်တေ။ ဒေနိန့်မှာကား မျောက်ကားအထက်၊ ဘုရား ကားအောက်၊ ဗြောက်သောက်ဗြောင်းပြန်၊ ခခွက်လန်အောင်၊ ဆူညံသောင်းသောင်း၊ မြင်မကောင်းကြားမသာ၊ သမိုင်းမာဥဒါန်းထိုး၊ အငြိုး မကျီနိုင်ရေ အဖြစ်ဆိုးကြီးတိ ဆက်တိုက်ဖြစ်ဖို့ အစပျိုးပီးလိုက်တေ အတွက် ဒေနိန့်မိမိရို့၏ဘ၀ရေကျိန်စာသင့်ခံနိန်ကတ်ရတုန်း ဖြစ်တေ။ ဒေဂ နိန့်ကို ရောက်တိုင်း ဒေပိုင်ပြန်ပေါ်လာရေ ခံပြင်းစိတ်တိကို စုစည်းလို့ ရှိမှာ ဇာလုပ်ကတ်ဖို့လဲဆိုစော်ကို ဒေဂနိန့် အခမ်းအနားကျင်းပရေ အဖွဲ့အစည်း တိုင်း၊ ရခိုင်သွီးချင်းတိုင်း အဖြေထုတ်ကတ်ဖို့နိန့်တစ်နိန့်ဖြစ်တေ။

ဒေဂနိန့် ရခိုင့်တော်လှန်ရေး၊ ရခိုင့်နိုင်ငံရေးမှာ မဟိမဖြစ်လိုအပ်စော်တစ်ခု ဟိလာကေလက်တွိ့လုပ်ကတ်စော်တိဖြစ်တေဆိုစော်ကိုအထူး ပြော စရာတောင် မလိုရေ လက်တွိ့သာဓကပါ။ လက်တွိ့ ထမလုပ်ဘဲ ဒေပိုင် နီကြတ်နိန်သရွိ့ကတော့ ဒေအတိုင်းချည်းယာဆက်တိုက်ဖြစ်နိန်ဖို့ သေချာရေဆိုစော်ကို အထူး ပြောစရာမလိုပါ။ ယင်းအတွက်ကြောင့် ဖြစ်ခရေအထဲက သင်ခန်းစာကိုယူ၊ ဖြစ်နိန်ရေ ပကတိအခြေအနေကို အတိအကျလေ့လာ၊ သိအောင်လုပ်၊ ဖြစ်နိုင်ခြေ အခွင့်အလမ်ဆိုစော်ကို လက်လွတ်မပီးဘဲ လက်တွိ့ကျကျ ဖမ်းဆုပ်မိအောင် လုပ်ရဖို့ဆိုစော်ရေ ဒေကနိန့် ရခိုင်သားတိုင်း အမျိုးသားရေးတာဝန်တစ်ခုအနိန်နန့် မှတ်ယူသင့်ပါရေ။

အပြင်ကို ကြည့်လိုက်ကေ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရက္ခိုင်တပ်မတော် AA ၊ လက်နက်ကိုင် တော်လှန်ရေးပါတီ၊ တပ်မတော် ဆိုရေ တော်လှန်ရေးအဖွဲ့အစည်းတိရေ ရခိုင်အမျိုးသားရေးလိုအပ်ချက်အရ ညီညွှတ်မှုတစ်ခု တည်ဆောက်ဖို့ အချိန်လွန်နိန်ဗျယ် ဖြစ်တေ။ လူကြီးကို အားမရလို့ လူငယ်တိကလုပ်။ လူငယ်တိက လူကြီးတိကို သင်ခန်းစာယူ။ လူကြီးလူငယ် သဟဇာတကျအောင် တည်ဆောက်ကတ်ဖို့ဆိုကေ ရခိုင်တော်လှန်ရေး အောင်ပွဲဆင်ဖို့ရက် နီးလာဗျယ်ဖြစ်တေ။ လက်နက်မဟိ လို့ လူအားမနာ၊ လူအားမနာလို့ မတိုးတက်နိုင်။ တိုင်းရင်းသား တော် လှန်ရေး လက်နက်ကိုင်ပါတီတိအကြားမှာ ရခိုင်လက်နက်ကိုင်ပါတီတိ အနိန်နန့် နိန်ရာတိုင်းမှာ မျက်နှာပွင့်နိုင်ဖို့အတွက် နည်းလမ်းသည်ကား ရခိုင်လက်နက်ကိုင်တော်လှန်ရေးပါတီ၊ တပ်မတော်တိကို ခိုင်မာ ကျစ်လစ်တေ၊ ရခိုင်အမျိုးသားလုံခြုံရေးနန့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရေ ရခိုင်အမျိုးသားတပ်မတော်တစ်ရပ်အဖြစ် လက်တွိ့ကျကျ ပုံဖေါ်ဖို့ အချိန်တန်နိန်ဗျယ်ဖြစ်တေ။

အထဲကိုကြည့်လိုက်ကေရခိုင်ပြည်သူလူထု၏တိုက်တွန်းချက်အရ၊ နိုင်ငံရေးလိုအပ်ချက်အရ ဒေကနိန့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နန့် ရခိုင်တိုင်းရင်း သားတိုးတက်ရေးပါတီ RNDP ရို့ရေ ရခိုင်ပြည် ပြည်တွင်းနိုင်ငံရေးကို ၂၀၁၅ အလွန်မှာ ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နိန်ဗျယ်လို့ ဆိုရဖို့ အနေ အထား မှာ မြင်တွိ့နိန်ရပါရေ။ အခြီအလက် အတောင်တိစုံဖို့အတွက် ပြည်သူ့ ကြားက ပြည်သူပါတီဖြစ်အောင် ကြိုးစားဆောင်ရွက်နိန်ရေ အနိန်အထား။ မာနတိခ၀ါချ၊ ပြည်သူတိထမင်းနပ်မှန်စားနိုင်ရေးအတွက် ရခိုင်ပြည်ကမဲ ရခိုင်တိအတွက်ဖြစ်စီဖို့ အသဲကြားက မဲတစ်ပြားအတွက် ရခိုင်ပြည် ရခိုင် လူမျိုးအကျိုးကို ဖန်တီးဖို့ အဆင်သင့်ဖြစ်နိန်ဗျယ်။

ရခိုင်ပြည် တော်လှန်ရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စရေ ကဏ္ဍအသီးသီးရေ အားလုံးကို တစ်ခုနန့်တစ်ခု မှီခိုနိန်ကတ်တေ။ တော်လှန်ရေးကို နိုင်ငံရေးကမှီခို၊ နိုင်ငံရေးကို စီးပွားရေး မှီခို ဆိုရေပိုင် ဒေကနိန့် ရခိုင်ပြည်အတွက် အဓိက လက်တွိ့ကျကျ အရေးကြီးနိန်စော်က ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်တေ။ ကိုယ်ရို့ပိုင်နယ်မြေကို ကိုယ်ရို့စီမံခန့်ခွဲခွင့်၊ ကိုယ်ရို့ပိုင် ရီပေါ်ရီအောက်၊ မြီပေါ်မြီအောက် သယံဇာတကို ကိုယ်ရို့စီမံခန့်ခွဲခွင့်၊ ကိုယ်ရို့ပိုင်နယ်မြီကို ကိုယ်ရို့ကာကွယ်ပိုင်ခွင့်ဆိုရေ လက်ရှိ လက်တွိ့ကျကျ အခြေခံသဘော တရားတိက တော်လှန်ရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေးအသိုင်းအ၀ိုင်း၊ စီးပွားရေး အသိုင်းအ၀ိုင်း စရေ ရခိုင်ခေါင်းဆောင်တိအားလုံး သဘောပေါက် ပြီးသားလို့ ယုံကြည်ပါရေ။

ဒေဂနိန့် ရခိုင်ပြည်ရေ မြန်မာနိုင်ငံထဲမှာ ဒုတိယအဆင်းရဲဆုံးပြည်နယ် တစ်ခု ဖြစ်တေလို့ သိရပါရေ။ ယင်းပိုင် အဆင်းရဲဆုံးပြည်နယ်ဖြစ်တေ အတိုင်းရခိုင်ပြည်သူတိရေဘဏ်ပေါင်းစုံက ခေတ်မမီ၊ ခေတ်နောက်ကျပြီးကေချွတ်ခြုံကျနိန်ပါရေ။ ဒေနိန်ရာမှာရခိုင်ပြည်အပြင်ဖက်ကို ရောက်နိန်ရေလူတိ နည်းနည်း သဘောပေါက်ကတ်ဖို့ ထင်ပါရေ။ ဇာကြောင့်လဲဆိုကေ ရခိုင်ပြည်၊ ရခိုင်လူမျိုးရို့၏ စိတ်ထဲမှာ ဒေကနိန့် ၀မ်းရေးပြေလည်ဖို့အတွက် အာရုံရောက်နိန်ကတ်ပြီးကေ ကျန်ရေအကြောင်းအရာတိကို စိုင်းစားဖို့၊ လုပ်ဖို့အချိန်မပီးနိုင်ကတ်ဘဲမိမိရို့၏ဘ၀ရှင်သန်ရပ်တည်နိန်ထိုင်နိုင်ရေး အတွက် အရာရာကို ငဲ့ကွက်ဘနာ ၀မ်းစာရှာစားနိန်ကတ်ပါရေ။ နိန်ဇိုင်နန့် အမျှ လူ့အရင်းအမြစ်တိဆိုရေ ရခိုင်လူငယ်မောင်မယ်တိရေ တိုင်းတစ်ပါးကို ထွက်ဘနာ ဘ၀ဒုက္ခအခက်အခဲတိကြားက အသက်ကို ဖက်နန့်ထုပ်ဘနာ ရုန်းကန်ရှာဖွီ စားသောက်နိန်ကတ်ပါရေ။ ဒေအခက်အခဲတိကို ကူညီဖြေရှင်း ပီးနိုင်ဖို့ဆိုရေလူတိကို ကယ်တင်ရှင်ထင်ဘနာ ဘုရားတစ်ဆူဂူတစ်လုံးပိုင် ကိုးကွယ်ကတ်ရဖို့စော်ကို မြင်မိပါရေ။ ယင်းကြောင့် ဒေဂနိန့် လက်တွိ့ ဖြေရှင်းရဖို့ပြဿနာက ရခိုင့်စီးပွားရေးကို ဇာပိုင်နလံထူအောင်၊ နည်းလမ်း တိ ရှာဘနာ လုပ်ကိုင်ဆောင်ရွက်ရဖို့အချိန်ဖြစ်နိန်ပါရေ။ စီးပွားရေးကောင်းမှ တိုင်းပြည် နလံထူနိုင်ဖို့၊ နလံထူနိုင်မှ ရခိုင်သူ၊ ရခိုင်သားတိ လူလုံးလှဖို့။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စရေ ယင်းပိုင် ဘက်ပေါင်းစုံမှာဟိရေ နယ်ပယ် အသီးသီးက ပညာတတ်၊ ပညာရှင် တိရေ ရခိုင်ပြည်ကို ကယ်တင် ဖို့၊ ရခိုင်ပြည် ပြန်လည်ထူထောင်ဖို့အတွက် တတ်နိုင်ရေဖက်က လုပ်ကတ်ဖို့၊ ကိုင်ကတ်ဖို့ အချိန်ရောက်နိန်ပါဗျယ်။ အတိတ်ကို ပြန်လို့ လွမ်းဆွတ်နိန်ဖို့ အစား၊ လက်ရှိအချိန်ကို အကျိုးဟိဟိ အသုံးချဘနာ၊ ရလာရေ အခွင့်အရေး ကို အမိအရဖမ်းဆုတ်ပြီးကေ လာဖို့ နှစ်သစ်မှာ ရခိုင်ပြည် ပြန်လည် နလံ ထနိုင်ဖို့အတွက်လူကြီး၊ လူငယ်၊ အရွယ်မလတ် မရွီး နိုးထကတ်ဖို့စော် ကို လေးဝတီသတင်းဌာနက ဒေဂနိန့် ၂၂၉ နှစ်ပြည့် ရခိုင့်အချုပ်အချာ အာဏာ ကျဆုံးရေ Arakan National Black Day နိန့်မှာ နှိုးဆော်တိုက်တွန်း လိုက်ယင်း နှစ်သစ်မှာ လူသစ်၊ စိတ်သစ်နန့် ရခိုင်သူ၊ ရခိုင်သားတိအားလုံး ကျန်းမာချမ်းသာစွာနန့်ဆန္ဒနန့်ဘ၀လက်တွိ့ကျနိုင်ကတ်ပါစီလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါရေ။

အယ်ဒီတာ
လွတ်လပ်သော လေးဝတီသတင်းဌာန

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger